Relays & Transistors

Relays & Transistors မျှဝေသူFBသို့ သွားမည် ဒီနေ့တော့ အင်ဂျင်နီယာတစ်ယောက် မသိမဖြစ်တဲ့ လျှပ်စစ်ပစ္စည်းတချို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သီအိုရီပုံစံမဟုတ်ပဲ တကယ့်လက်တွေ့မှာ အသုံးတည့်မယ့် ပုံစံမျိုးနဲ့ ဖော်ပြပေးမှာပါ။ ဒီပို့စ်ကို ဖတ်ပြီးသွားရင် လုပ်ငန်းခွင်၀င်တဲ့အခါ လျှပ်စစ် ပစ္စည်းတွေကို ပိုနားလည်လာမယ်လို့လဲ မျှော်လင့်ပါတယ်။ Relays Relay အကြောင်းနားလည်မှ ကျန်တာတွေကို ရှေ့ဆက်လို့ရမှာပါ။ Relay ဟာတကယ်တော့ ခလုတ်တမျိုးပါ။ Relay ဟာ လျှပ်စစ်လမ်းကြောင်းတစ်ခုကို အခြားလျှပ်စစ်လမ်းကြောင်းတစ်ခုနဲ့ အဖွင့်အပိတ်လုပ်တာပါ။ ပုံမှာပြထားတဲ့အတိုင်း ခလုတ်ကို ဖွင့်လိုက်ရင် ဘက်ထရီနဲ့ဆက်ထားတဲ့ ကွိုင် A မှာ လျှပ်စစ်စီးမယ်။ ဒီ လျှပ်စစ်ကနေ သံလိုက်စက်ကွင်းဖြစ်ပေါ်လာပြီး Relay ခလုတ်လေးက E အမှတ်ကနေ D အမှတ်ကို လာကပ်မယ်။ ဒီတော့ 230V က လျှပ်စစ်ပတ်လမ်းတစ်ခုလုံး စီးဆင်းသွားပြီး မီးလုံးလေး မီးလင်းလာလိမ့်မယ်။ Relay တွေကို လျှပ်စစ်နဲ့ ပတ်သက်တဲ့ နေရာတိုင်းလိုလိုမှာ အသုံးပြုတယ်။ ဗို့အားပမာဏ များပြားတဲ့ လျှပ်စစ်ပတ်လမ်းတွေကို ဗို့အားနည်းနည်းလေးနဲ့ ထိန်းချုပ်နိုင်တာ Relay ရဲ့ အားသာချက်ပဲ။ Transistors ...