မဂ္ဂါရိုက်ခြင်း ခေါ် Megger Testing

မဂ္ဂါရိုက်ခြင်း ခေါ် Megger Testing 

လျှပ်စစ်လုပ်သားအများစုကြားမှာ ရင်နှီးပြီးသား အခေါ်ဝေါ်တစ်ခုလို့ ပြောလို့ရမယ်ထင်တယ်။ 
ဘာဖြစ်လိုလည်းဆိုရင် ကျနော်တို့တွေ installation လုပ်ပြီးတိုင်း၊ ဒါမှမဟုတ် အဆောက်အုံအဟောင်းများ ပြန်လည်စစ်ဆေးခြင်းလုပ်ငန်းမှာ မဂ္ဂါရိုက်ကြည့်ရအုံးမယ်လို့ ပြောနေကြတဲ့ Megger testing ဆိုတာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေထဲက လုပ်ရမဲ့ အလုပ်တစ်ခုမို့ပါ။ 



Q.ဘာအတွတ် megger testing လုပ်ကြရသလဲ? A. ကျနော်တို့တွေ installation လုပ်လိုက်တဲ့ wireတွေ ၊ conductor တွေနဲ့ earth တွေကြား current ခေါ် လျှပ်စီး ယိုစိမ့်မှု ရှိ၊ မရှိကို စစ်ဆေးကြတာပါ။ လျှပ်ကူးဝါယာတခုဆီတိုင်းရဲ့ အတွင်းပိုင်းအနေနဲ့ ပါဝင်သော Conductor(Copper/Aluminum) သည် သုံးစွဲနိုင်သောလျှပ်စီးကြောင်းကိုခုခံမှုအနည်းဆုံနဲ့သယ်ဆောင်ပေးနိုင်ရန်လိုအပ်ပါတယ်။ Q. ဘယ်လိုအကြောင်းအရာတွေကြောင့် လျှပ်စီးယိုစိမ့်မှု ဖြစ်ကြရတာလဲ? A. ဥပမာအနေဖြင့် ပြောရရင် installation လုပ်ရာမှာ ဝါယာကြိုး အရှည်ကြီးတွေ ဆွဲတဲ့အခါမှာ ဝါယာအပြင်ပိုင်းအနေဖြင့် ဝါယာကြိုးကာဗာ‌ေတွဟာ ပွတ်တိုက်မှုကြောင့် ပေါက်ပြဲနေတတ်ကြပါတယ်။ နှစ်တွေကြာလာလို့ အပူဒဏ်ကြောင့်၊ load တိုးချဲ့မှုကြောင့် current မြှင့်တတ်မှုကြောင့်လည်း ကာဗာများပျက်စီးနေတတ်ပါတယ်။ Q. Megger Testing ဆိုတာက လျှပ်စီးဆင်းမှုကို စစ်ဆေးတာလား? Insulator ခေါ် လျှပ်ကာ ကာဗာများ ပေါက်ပြဲခြင်းကို စစ်ဆေးတာလား? A. Megger testing ဆိုတာ လျှပ်စီးယိုစိမ့်မှုကို ရှိမရှိ စစ်ဆေးခြင်းဖြစ်လို့ လျှပ်ကာ၊ ကာဗာတွေ ကောင်းမကောင်း စစ်ဆေးတာပါ။ တကယ်လို့ အတွင်းပိုင်းက လျှပ်ကူးများ( copper, aluminium) တွေကို ကောင်းမကောင်း စစ်ဆေးမယ်ဆိုရင်တော့ Continuity Testing လုပ်ရမှာပါ။ Continuty Testing လုပ်ခြင်းကသာ အတွင်းက ဝါယာတွေ ‌ပြတ်တောင်ခြင်း ရှိမရှိ၊ လျှပ်ကူးအားကောင်း မကောင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့တွေ Test လုပ်ဆောင်ကြမယ်ဆိုရင် ဝါယာကြိုးတွေကို Power Supply ဖြတ်တောက်ထားရပါတယ်။ နောက်ပြီး အိမ်တွင်းအသုံးအဆောင်ဖြစ်တဲ့ လျှပ်စစ်ပစ္စည်းများ အားလုံးကိုဖြုတ်ထားရပါမယ်။ဝါယာကြိုးလိုင်းသီးသန့်တိုင်းတာရပါမယ်။ တကယ်လို့ testing လုပ်လိုက်လိူ့ သတ်မှတ်ထားတဲ့ အခြေနေမှာ ရှိ‌မနေဘူးဆိုရင် ဝါယာကြိုးအသစ် ပြန်လည်တတ်ဆင်ခြင်းကို ဆောင်ရွက်သင့်ပြပြီ။ ပြန်လည် အသစ်တတ်ဆင်ရာမှာလည်း လက်ရှိသုံးထားတဲ့ ဝါယာအရွယ်အစားကို ပြန်သုံးသင့် မသင့်ကိုပါ တွတ်ချက်သင့်ပါတယ်။ တကယ်လို့ တွတ်ချက်ခြင်းမရှိခဲ့လျှင် ထပ်တိုး load တွေကြောင့်၊ voltage drop များခြင်းတွေကြောင့် ပြန်လည်အသစ် တပ်ဆင်ခြင်းများက ငွေကုန်အလကားဖြစ်သွားတတ်ပါတယ်။ လေ့လာဖတ်ရှုမှုအတွတ် အားလုံးကိုကျေးဇူးတင်ပါသည်။ လျှပ်စစ်သွယ်တန်းခြင်းသည် အဆောက်အုံမှန်သမျှ ကင်းကွာ၍ မရသဖြင့် ပြင်ဆင်လိုသည်များရှိသည်ဖြစ်စေ၊ အသစ်သွယ်တန်းခြင်းများ လိုအပ်သည်ဖြစ်စေ၊ Construction Companyများ နှင့် လူကြီးမင်းတို့ အိမ်များအတွတ် စျေးနှုန်းသက်သာစွာဖြင်ဆောင်းရွက်ပေးနေသောကြောင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ .EIလက်မှတ် RSE လက်မှတ်ရ ကျွမ်းကျင် အင်ယာများဖြင့် ပြုလုပ်သောကြောင့် တရားဝင် ပြောဆို လုပ်ကိုင်ပေးနိုင်ပါသည်။

 ☎ 09.457267814 / 09.38267814 
📩Email.. atmengineeringgroup.2018@gmail.com Aung Thu

Comments