မီးပိုက်(Pipe size)ရွေးချယ်ခြင်း

 ဒီအပတ်အတွက်Knowledge Sharing အဖြစ် Electrical Estimate ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မီးပိုက်(Pipe size)ရွေးချယ်ခြင်း အကြောင်းရှင်းပြရေးသားသွားပါမယ်နော်။💁💁💁





မီးပိုက်/ထရမ်းကင်း တွေရဲ့ size ရွေးချယ်တပ်ဆင်ခြင်းဟာ သာမာန်အတွေးနဲ့တွေးလိုက်ရင် ဘာမှမဟုတ်လောက်ပါဘူး...အသေးအမွှားလေးပါအခုလည်းအဆင်ပြေနေတာပဲ လို့ထင်ကောင်းထင်နိုင်ပါတယ်။


မှန်ပါတယ် အခုအဆင်ပြေနေပေမယ့် နောက်ပိုင်း လျှပ်စစ်ပစ္စည်းတွေ အကုန်အစုံသုံးမယ် အဲ့ပစ္စည်းတွေသုံးဖို့ မီးကြိုးတွေကိုလည်း ပြည့်ကြပ်နေအောင် ပိုက် (သို့မဟုတ်) ထရမ်းကင်းထဲက သွားထားမယ် ဆိုရင် မီးကြိုးတစ်ချောင်းချင်းစီမှာ လျှပ်စီးကြောင်း ( Current ) စီးနေတဲ့အတွက် အပူထွက်တာရှိပါတယ်။ အဲ့အပူဟာ ပိုက်/ထရမ်းကင်းပြည့်ကြပ်နေမှုကြောင့် အပြင်မထွက်နိုင်ဘဲ ပိုက်အတွင်းထဲမှာပဲအောင်းနေပြီး မီးကြိုးအပြင်ကာဗာ (Insulator) ဟာ အပူများလျှင် အရည်ပျော်ကာ အထဲက ကြေးကြိုး (Conductor) အချင်းချင်းထိတွေ့ကာ ရှော့(Short) ဖြစ်နိုင်ပါတယ်။

 အပူကြောင့် ကြိုးရဲ့ လျှပ်စီးကြောင်းသယ်ဆောင်နိုင်မှု (Current carrying capacity) လည်းလျော့နည်းနိုင်ပါတယ်။

ထိုအခါ လုံလောက်သော လျပ်စီးပမာဏကို အပြည့်အဝ မရသည့်အတွက် လျပ်စစ်ပစ္စည်း(Electronic Device) တွေ အချိန်အတန်ခင် မပျက်စီးသင့်ဘဲပျက်စီးနိုင်ပါတယ်။

မိမိက အခုအဆင်ပြေတာပဲ အလုပ်မြန်မြန်ပြီး ပြီးတာဘဲ ပိုက်နောက်တစ်ချောင်းမပြေးရပြီးရော ဆိုပြီးလုပ်ပေးခဲ့လိုက်တဲ့ အလုပ်ဟာ အိမ်ရှင်အတွက်လည်းဆိုးကျိုးဖြစ်နိုင်တဲ့အပြင် ဒီအလုပ်ကိုလက်ခံလုပ်ပေးသူအတွက်လည်းဆိုးကျိုးဖြစ်နိုင်ပါတယ်။

နှစ်ဦးနှစ်ဖက်အတွက်အကျိုးမရှိပါဘူး။

ထို့ကြောင့် ပိုက်တွေ ထရမ်းကင်းတွေ ရွေးချယ်တဲ့အခါမှာ မှန်ကန်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်တပ်ဆင်နိုင်ဖို့

ပိုက်ရွေးချယ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ပိုက်တွေ ထဲမှာထည့်မယ့် ကြိုးပမာဏသည် ပိုက်ရဲ့ 60% ပဲနေရာယူရမှာပါ။

ကျန် 40% သည် လေဝင်လေထွက်ကောင်းအောင် ကြိုးထိုးလွယ်အောင် ချန်ထားပေးရမှာပါ။


💚💚💚ပိုက်ရွေးချယ်ခြင်း💚💚💚


ပိုက်ရွေးချယ်ရာတွင်

#ပိုက်ထဲမှာထည့်ပြေးမယ့်ကြိုးရဲ့အရွယ်အစား(wire size)

#ထည့်မယ့်ကြိုးအရေအတွက်

#ပိုက်သွားမည့်လမ်းကြောင်းမှာရှိမည့်အကွေးအရေအတွက်

#ပိုက်ရဲ့အရှည်

အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်


ဥပမာ

မိမိသည် 1.5 ကြိုး ၃ချောင်း ၊ 2.5 ကြိုး ၃ချောင်း ပြေးမည်ဆိုကြပါစို့။ 

အကွေးက၂ကွေး ရှိမည်။ ပိုက်အရှည်က ၁၀ မီတာပါ။

ကဲ စတွက်ပါပြီနော်📝📝📝

1.5 ကြိုး ၃ချောင်းဖြစ်ပြီး သူ့ရဲ့ conduit factor သည် table မှာကြည့်လိုက်ရင်22


ထို့ကြောင့် 

22*3=66......eq(1) 


2.5ကြိုးကလည်း ၃ချောင်းဖြစ်ပြီး သူ့ရဲ့ conduit factor သည် table မှာကြည့်လိုက်ရင် 30


ထို့ကြောင့်

30*3=90......eq(2)


eq(1)+(2)

ထို့ကြောင့် 

66+90=156


ကြိုးအားလုံးပါပြီးပိုက်ထဲကြိုးထည့်ရမည့်ပမာဏသည် 156 ထို့ကြောင့် ပိုက်size ရွေးရမည့် table အရ 156 ထက်ကြီးတာရွေးရမှာဖြစ်သည့်အတွက် Table 2 Bends မှာ 156 နဲ့ အနီးစပ်ဆုံးတူတာသည် 244 pipe size သည် 40% အပိုချန်ရမှာဖြစ်သည့်ပတွက်တစ်ဆင့်ကြီးတာရွေးတော့ 20mm pipe ကိုရွေးလိုက်ပါတယ်နော်။


👉👉👉ပုံသေနည်းကတော့

ကြိုးရဲ့ conduit factor x ကြိုးအရေအတွက် ပဲဖြစ်ပါတယ်နော်။

ကြိုးအရွယ်အစားတစ်မျိုးချင်းစီအလိုက် သူ့ရဲ့ factor နဲ့မြောက်ပေးရမှာဖြစ်ပြီး တစ်ခုချင်းစီမြောက်ပြီးရင်တော့ အားလုံးကို ပေါင်းပေးရမှာဖြစ်ပါတယ်။

နောက်ဆုံးပေါင်းလဒ်ထွက်လာတဲ့အဖြေကို အကွေးအရေအတွက်အလိုက် tableမှာ ကြည့်ရွေးပြီး တစ်ဆင့်ကြီးတာကို ယူသုံးရမှာဖြစ်ပါတယ်နော်။

👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍

Aung Thu

https://m.facebook.com/story.php?story_fbid=160690862337703&id=100051903691596


Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ