အင်ဗာတာအသေး လက်တွေ့တည်ဆောက်နည်း

 အင်ဗာတာအသေး လက်တွေ့တည်ဆောက်နည်း

*****************************************

INVERTERဆရာတို့အင်ဘာတာ ပတ်လမ်းလေးတစ်ခုလေ့လာရအောင် 

အရင်ဆုံး IC အကြောင်းလေးနဲနဲရှင်းပါမယ် IC တစ်လုံးရဲ့မြက်နှာပြင်မှာ လခြမ်းပုံလေး သို့မဟုပ် အဝိုင်းပေါက် အမှတ်အသားလေးပါတက်ပါတယ် အဲ့အမှအသားလေးကို ဘယ်ဘက်မှာထားပြီး အောက်ဆုံးဘယ်ဘက်ခြေထောက်ကနေ ၁.၂.၃.၄. လက်ရာရစ်ရေတွက်ရပါတယ်။ ပုံထဲမှာကြည့်ပါ 













ပြီးရင် CD 4047 ICလေးအကြောင်းပြောပါမယ် CD 4047 IC က pin နံပတ် 4,5,6,14 ကို DC +Volt ကြွေးပြီး 7,8,9,12 ကိုအနုတ်ဗို့ကြွေးမယ်ဆိုရင် pin နံပတ် 11 နဲ့ 10 ဟာ အပေါင်းဆစ်ကနယ် နဲ့ အနုတ် ဆစ်ကနယ် အချက်ပြလိုင်းတွေ တစ်လှည့်စီထွက်ပါတယ်။

အဲ့မှာ ဆရာတို့ သုံးမှာက ဖရီကွမ်စီ50 Hz ဖြစ်တဲ့ အတွက် pin နံပါတ် 234 မှာ resistor capacitor ရယ်ကို လိုသလို့ထည့်ထားပေးပါတယ်။ Pin နံပတ် 10,11 ကနေ resistor 100ohm တစ်လုံးစီ ခံပေးထါးပြီး အပေါင်းဗို့တစ်လှည့် အနုတ်ဗို့တစ်လှည့် ထွက်နေမှာပါ 

အဲ့ဒီနှစ်စကိုတိုင်းရင်AC 50စကေးလောက်မှာ ထားတိုင်း AC10 Vဝန်းကျင်လောက်ပြရပါမယ် pin နံပတ် 10 မှာ ထောက်တံအနီကိုထောက် Battert ကလာတဲ့ အနုတ်လိုင်းမှာ အနက်ထောက် 10V ဖြစ်နေရင် pin နံပတ် 11 မှာလည်း အဲ့တိုင်းထောက်10V ပဲဖြစ်နေရမယ် အပြန်အလှန်ညီနေရမယ်။ ဗို့ညီနေရပါမယ် မညီရင်တော့ အင်ဘာတာ မဖြစ်ပါ

Pin နံပတ် 10,နဲ့ 11 ကို FETထရမ်စစ္စတာနှစ်လုံးရဲ့ (G) ဂိတ်ငုတ်နဲ့ဆက် ဆက်သွယ်လိုက်ရင်တော CD4047 IC က FET နှစ်လုံးရဲ့ (G)ငုတ် အသီးသီးကို အပေါင်းတစ်လှည့် အနုတ်တစ်လှည့် အဆက်မပြက်ကြွေးနေမှာပါ ဒါဆိုရင်တော့ FET နှစ်လုံးရဲ့ D နဲ့ S ဟာ တစ်လှည့်စီ ထိလိုက်လွတ်လိုက်ဖြစ်နေမှာပါ။

ဒီအခြေနေမှာ ထရမ်စဖော်မာ တစ်လုံးကိုအသုံးချပါမယ် ထရမ်စဖော်မာတွေက ဆရာပြောထားတဲ့အတိုင်းပဲ DC ဗို့အားပေးသွင်းရင် အလုပ်မလုပ်ပါဘူး ဒါကြောင့် AC အသွင်ဗို့အားပေးသွင်း ရပါမယ်။

အသုံးပြုရမယ် ထရမ်စဖော်မာက အဝင် 220 အတွက် ကြိုးစနှစ်စ ပါမယ် အထွက်က +12v 0V -12V ကြိုးစသုံးစ​ဖြစ်ပါမယ်။

220 အဝင် အထွက် 12 V ဖြစ်တဲ့အတွက် ပြောင်းပြန် ဗို့ပြန်သွင်းရင်လည်း 12 V အဝင် 220 V အထွက်ဖြစ်လာပါမယ်။ 

ဒီအချိန်မှာ ထရမ်စဖော်မာရဲ့ အပေါင်းအနုတ်နှစ်စကို FET ရဲ့ Drain (D) ငုတ်အသီးသီးကို ဆက်သွယ်ပြီး ထရမ်စဖော်မာရဲ့ အလယ်စ 0 V ကိုတော့ Battery အပေါင်းလိုင်းနဲ့ဆက်သွယ်ရပါမယ်။ FET ရဲ့ (S)ငုတ်တွေကိုတော့ battery အနုတ်လိုင်းနဲ့ ဆက်သွယ်ရပါမယ်။ဒီအခြေနေမှာ FET ရဲ့ D ငုတ်နှစ်ငုတ်မှာ အပေါင်းတစ်လှည့် အနုတ်တစ်လှည့်နဲ့ ထရမ်စဖော်မာရဲ့ အလယ်စကနေ အပြန်အလှန် ထောက်တိုင်းရင် AC 12 V ရောက်နေပါပြီး ဗို့လည်းညီနေပါပြီ။ ဘာကြောင့်ရောက်သလဲဆိုတော့ Driver IC က ပေးပိုတဲ့ အချက်ပြ လိုင်းကြောင့် FET နှစ်လုံးက တစ်လှည့်စီဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်( Q1) ပွင့်နေတဲ့အချိန်မှာ (S)ငုတ်မှာရှိတဲ့ Battery အနုတ်ဗို့ဟာ (D)ငုတ်ကိုကူပြောင်းပြီး ထရမ်စဖော်မာထဲကိုဝင်ပါတယ် ဒိအချိန်မှာ (Q2) ကပိတ်နေပါမယ် (Q1) ပိတ်သွားချိန် (Q2) ပွင့်လာပြီး ခုဏအတိုင်းပဲ ထရမ်စဖော်မာထဲဝင်ပါတယ်။ထရမ်စဖော်မာရဲ့ အလည်စ က ပေါင်းနဲ့ ဆက်သွယ်ထားတာဖြစ်တဲ့အတွက် 12V တလှည့်စီ ဝင်ရောက်နေမှာပါ။

လက်တွေ့စမ်းသက်ချင်တယ်ဆိုရင်တော့ အပိုပစ္စည်းဆိုင်တွေမှာ အင်ဘာတာ Driver ကဒ် လို့ပြောဝယ် FET ထိုင်ပြီးသားတွေလည်းရောင်းပါတယ်။

ပညာလိုအိုသည်မရှိတဲ့ ဗျာ ယူတက်ရင်တော့ တသက်စာ ပေးလိုက်ပါတယ်😁😁

✍️ ကိုမျိုး

အထူးကျေးဇူးတင်ပါသည်။




Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ