RCCB, MCB & RCBO များအကြောင်း

 RCCB, MCB & RCBO များအကြောင်း

                 (သို့)

ဓါတ်လိုက်ခြင်းနှင့် ဝါယာရှော့ဖြစ်ခြင်းကို ကာကွယ်နိုင်စေရန်

*******************************************








ခုတလော မိုးရာသီ အတွင်းဆိုတော့ ဓါတ်လိုက်တဲ့သတင်းတွေ မကြာခဏကြားနေရတယ်။ ဒါအပြင် ဝါယာရှော့ကြောင့် မီးလောင်းခြင်း‌များလည်း ရှိတတ်နေပါတယ်။ ဒါ‌ကြောင့် ဓါတ်လိုက်ခြင်း မီးလောင်ခြင်းတို့ကြောင့် လူ့အသက် အန္တရာယ်မဖြစ်ရအောင် တပ်ဆင်သင့်သည့် breaker အကြောင်းလေး နည်းနည်းပါးပါး ပြောပြပေးချင်ပါတယ်။

ခု post လေးက လျှပ်စစ်အင်ယာတွေနဲ့ ကျွမ်းကျင်လျှပ်စစ်သမားတွေအတွတ် သိပြီးသားဖြစ်ပြီး ဖြစ်မှာပါ။ သို့ပေမဲ့ သာမာန်လူတွေလည်း နည်းနည်းပါးပါး သိရှိစေချင်လို့ပါ။

👉လျှပ်စစ် ဓါတ်လိုက်ခြင်းမှ ကင်းဝေးစေရန် ကာကွယ်စေဖို့အတွတ်ဆို RCCB လို့ ခေါ်တဲ့ breaker အမျိုးစားကို တပ်ဆင်သင့်ပါတယ်။MCCB (Molded Case Circuit Breaker) အတွက်လက်ရှိအဆင့်များသည် 1000A ထက်ပိုမိုပါတယ်။ MCCB တို့ကတော့ ဓါတ်လိုက်ခြင်းနှင့် earth fault ဖြစ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ MCCB အများစုမှာ (A)settings ကိုလွယ်ကူစွာချိန်ညှိနိုင်ပါတယ်။ 

👉ဒါပေမဲ့ RCCB အမျိုးစားဟာ Short Circuit နှင့် Overload ကြောင့် မီးလောင်ခြင်းကို မကာကွယ်နိုင်ပါဘူး။Short Circuit နှင့် Overload ကြောင့် မီးလောင်ခြင်းကို ကာကွယ်ဖို့ဆိုရင် MCB breaker ကို တပ်ဆင်သင့်ပါတယ်။ MCB အမျိုးစားကလည်း RCCB ကဲ့သို့ ပင် လုပ်ဆောင်ချက် တစ်ခုသာ လုပ်ဆောင်နိုင်လို့ ဓါတ်လိုက်ခြင်းကို မကာကွယ်နိုင်ပါဘူး။

MCB  အတွက်က‌ေတာ့ လက်ရှိအဆင့်သတ်မှတ်ချက်သည် ၁၀၀A ထက်နည်းပြီး over-current ကာကွယ်မှုတစ်ခုသာ ကာကွယ်နိုင်ပါတယ်။

သူ့ရဲ့တည်ဆောက်ပုံနှင့် အားနည်းချက်ကတော့

A အတွတ် Setting ချိန်ညှိလို့မရနိုင်ပါဘူး။


👉ဒါကြောင့် ဓါတ်လိုက်ခြင်းနှင့် ရှော့ဖြစ်ခြင်း နှစ်မျိုးစလုံးကို ကာကွယ်ဖို့အတွတ် တချို့ကတော့ ဖော်ပြပါ breaker နှစ်မျိုးလုံးကို တပ်ဆင်လေ့ရှိပါတယ်။

😘တကယ်တော့ ဓါတ်လိုက်ခြင်းနှင့် ရှော့ဖြစ်ခြင်း(Short Circuit & Earth Fault)  ကာကွယ်နိုင်ဖို့ RCBO breaker  ( Residual current Circuit Breaker with Overcurrent protection ) များလည်းရှိပါသည် ။

RCBO breaker ကတော့ RCCB နှင့် MCB နှစ်မျိုး ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။

သို့သော် RCBO breaker ရဲ့ စျေးနှုန်းမှာ အနည်းငယ် မြှင့်မားပါတယ်။ 


MCB => (Miniature Circuit Breaker)

MCCB => (Molded Case Circuit Breaker)

RCBO => ( Residual current Circuit Breaker with Overcurrent protection ) 


😁ဒီလောက်ဆို MCB,RCCB &RCBO breaker တို့ရဲ့ ဂုဏ်သတ္တိနှင့် တပ်ဆင်အသုံးဝင်ပုံကို နာလည်သဘောပေါက်မည် ထင်ပါတယ်။


😥အမှားပါလျှင် သည်းခံပေးပြီး ထပ်မံရှင်းပြပေးပါရန် မေတ္တာရပ်ခံပါတယ်။

ကျနော်ပြောပြပေးတဲ့ အကြောင်းရာတွေက ပညာသင် 

ညီကိုတွေအတွတ်အဆင်ပြေမယ်လို့ ယုံကြည်မိပါတယ်

#AungThu (15/9/2020)

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ