Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

 Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း 

တော်တော် များများ က wire size က current ခံနိုင်ရည် ( cable current rating table ပုံ -၁) ကိုကြည့် ကိုယ်သုံးမဲ့ load size ရဲ့ amp နဲ့ယှဉ်ပြီး အဲအတိုင်း  သုံးလို့ ရတယ်ထင်နေတယ် ။

မူရင်း ရေးသားသူ FB သို့

ပုံလေးကို ဖိကြည့်ပါ။






တကယ်တော့ ကြိုးရှည်လာတာနဲ့ voltage drop လည်း များလာတာကို သတိပြုဖို့ လိုအပ်ပါတယ်။

ဥပမာ 1.5 mm² wire က current 17/-18 Amp စီးဆင်းမှု ခံနိုင်လို့  ပြောထားပါတယ်။ အဲ 1.5mm² wire နဲ့ 2000W ရှိတဲ့ load တစ်ခုကို သုံးမယ်။ 1800W load က 10Aလောက်ပဲ ဆွဲတာမို့ 1.5mm² နဲ့အဆင်ပြေနိုင်လို့ ဘယ်လောက်ပဲ ဝေးဝေး ခံနိုင်တယ်လို့ မှတ်ယူလို့ မရပါဘူး။

Volt drop ကို ဘယ်လို တွက်ယူလဲ ဆိုတော့ cable တခုမှာပါတဲ့ resistance(R) , reactance(X) နဲ့  impedance(z) တွေ ကို မူတည်ပြီး တွက်ချက်ရပါတယ် ။

အဲ ဒီ ကိန်း ဂဏန်းတွေ က ဘယ် ကရလဲ ဆိုရင်တော့ Cable ထုတ်တဲ့ company တွေရဲ့ data တွေ မှာ ပါတတ်ပါတယ် ။ အဲdata တွေသိမှ တွတ်ယူလို့ရမှာဖြစ်ပါတယ်။ ပုံ (၂)မှာလည်း ကြည့်နိုင်ပါတယ်။


volt drop ကိုတွတ်ယူဖို့ ပုံသေနည်းက ဒီလိုရှိပါတယ်။

📝Single phase

Volt drop =2I(Rcos∅ +Xsin∅)×L/1000

📝3 phase

Voltage drop=√3I (Rcos∅ +Xsin∅)×L/1000

ဆိုပြီး ဖြစ်ပါတယ် ။ ပုံ(၂)မှာပါပြီးသားပါ။

ဒါဆိုဥပမာ တခုတွက်ကြည့်ရအောင်။

 2.5mm² cable နဲ့ 3KW မော်တာ တလုံး ကို မီတာ ၁၀၀ အကွာ အဝေး မှာ ဆင် ချင် တယ် ဆိုပါစို့။‌3kw motor ရဲ့ full load current က 20 Amp လောက်ဆွဲ မယ်ထားပါတော့။

ယေဘူယျ ကျနော်တို့အသုံးပြုနေတဲ့ ဇယား(၁)ကိုကြည့်ရင် ရတာပေါ့နော် ခံနိုင်ရည် ရှိတာပေါ့။

ဒါပေမဲ့ ဟုတ်မဟုတ် တွတ်ကြည့်လိုက်ရအောင်။

မတွတ်ခင် calculator မှာ နိပ်ရခက်နေမှာစိုးလို့

Cos∅=0.8

Sin∅=0.6လို့ သိထားပါ။

copper ဝါယာသုံးမည်ဖြစ်လို့ ပုံ၂က copper ဇယားကိုကြည့်ပါ။

Volt drop =2I (Rcos∅ +Xsin∅)×L/1000

   =2×20(8.91×0.8 + 0.156×0.6)×100/1000

         =40 ( 7.128+ 0.094) × 100/1000

         =40 (7.222)× 100/1000

         = 28888/1000

         =28.88V≈29V

VD=29v ဆိုတော့ ရာခိုင်နှုန်း ထက်ပြီးတွတ်ကြည့်ရအောင်။

Vd%=(VD÷source Voltage)×100

      =(29÷230)×100

      =12.6%

volt drop က 10% ထက်ကျော် နေတဲ့ အတွက် သုံးမယ်ဆို ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး ။ မီတာ ၅၀ လောက် ဆိုရင် သုံးလို့ရနိုင် တယ် volt drop က တစ်ဝက်နီးပါးလျော့ကြသွားမယ် ။  VD%လည်း6.% လောက်ပဲရှိတော့ ရှိတယ်။

စင်္ကာပူလိုနိုင်ငံမျိုးမှာတော့ 4~5%အထက်ဆို သုံးခွင့်မပြုဘူးလို့ ကြားဖူးတာပဲ။

ကိုယ်က 100m အရှည် သုံးရမယ်ဆိုတော့ 2.5mm² အဆင်မပြေရင် 4mm²နဲ့ ထပ်တွတ်ကြည့်ပြီး wire size တွေ ရွေးချယ်နိုင်ပါပြီ။

ဒါလောက်ဆိုရင် supply voltage က load side မှာ voltageဘယ်လောက်ပဲရှိမယ်။ voltage drop ဘယ်လောက်ဖြစ်မယ်လည်း သိနိုင်ပြီ။

Wire size ကိုလည်း  တွတ်ချက်ပြီး ရွေးချယ်နိုင်ပြီပေါ့။


ဒါပေမဲ့ ခုတွတ်ချက်မှုဟာ ပြီးပြည့်စုံတဲ့ တွတ်ချက်ခြင်း မဟုတ်သေးပါဘူး။

Project တွေမှာဆိုရင် wire installation လုပ်မဲ့လမ်းကြောင်းက ground လား ၊ air လား၊

Trunking လား၊ piping လား၊ နောက်ပြီး အပူချိန် ဘယ်လောက်လည်း ၊ အချိုးအကွေ့ ဘယ်လောက်ရှိလည်း ဆိုတာတွေအပါ ထည့်တွတ်ရပါတယ်။ ခုဖော်ပြပေးတဲ့ ဇယား (၃(ကတော့  အပူချိန် 80°အတွတ် ပါ။

ဒါပေမဲ့ ခုဖော်ပြချက်လောက်ဆို အဆင်ပြေပါတယ်။ဇယား ပုံ၁ ကိုပဲ ကြည့်ပြီး installation လုပ်တာထပ် ပိုပြီး မှန်ကန်မှုရှိတယ်။

ပုံ၃ ကတော့ ကိုယ်သုံးမယ့် အကွာအဝေးအတွတ် wire ကြိုးရဲ့ ခံနိုင်ရည်ကို ယေဘူယျ တွတ်ချက်ထားတဲ့ ဇယားပါ။ 

 အဓိ က ပြောချင်တာကတော့ cable ကို current carrying capcity ပုံ ၁ ကို ကြည့်ပြီး သုံးလို့ မရဖူး ဆိုတာပါပဲ ။

အားလုံးကို ကျေးဇူးတင်ပါတယ်

Aung Thu(15/10/2020)


Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ