2 way switch & 3 way switch wiring

 2 way switch & 3 way switch wiring

သို့မဟုတ်

နေရာအစုံမှ မီးသီးကို အပိတ်အဖွင့် လုပ်နည်း

*************************

‌ရေးသားသူ FB သို့ သွားရန်












အားလုံးပဲ မင်္ဂလာ နံက်ခင်းပါခင်ဗျ...

ဒီတစ်ပတ် ဒီနေ့တော့

🥰2 way switch နှင် 3 way switch ရဲ့ အလုပ်လုပ်ပုံကို ေပြာပြပေးသွားမှာပါ😘

GP တွေထဲများ တော်တော်များများ မေးနေကြတာကတော့ 2 way shitch wiring အကြောင်းပါ။ ဒါပေမဲ့ ကြုံတုန်းလေး 3way switch wiring အကြောင်းလေးပါ တစ်ခါတည်း ရှင်းပြပေးသွားပါ့မယ်။ အဲတာရပြီဆို 3 ways ပဲမဟုတ်ပဲ မိမိကြိုက်သလောက် နေရာကနေ အပိတ်ဖွင့် လုပ်လို့ရပါပြီ။


မရှင်းပြခင် ဗဟုသုတမနေနဲ့ သိရအောင် ခလုပ်အခေါ်ဝေါ်လေးတွေ အရင်ပြောပြချင်ပါတယ်။

တစ်ကယ်တော့ ကျနော်တို့ ခေါ်နေကြတဲ့ 2 way switch ကို technical terms အခေါ်ဝေါ် အရ 3 way switch, single pole, double throw (SPDT) switcheလို့ ခေါ်ပါတယ်။

technical terms အခေါ်ဝေါ် အရ 3 way switch ကိုတော့ "4-way" (intermediate) switch,multi shitch, double pole, double throw (DPDT) switch ,4 way switch လို့ ခေါ်ပါတယ်။

ဒါပေမဲ့ အောက်မှာ ရှင်းပြပေးမဲ့ အခေါ်ဝေါ်ကတော့ မြန်မာပြည်မှာ အများလက်ရှိခေါ်နေတဲ့ အတိုင်းပဲ နားလည်လွယ်အောင် ရှင်းပြပေးသွားမှာပါ။

2 way switch တွေကို လှေကား အတက် အဆင်းနှင့် အိပ်ခန်းတွေမှာ အသုံးများကြပြီး၊ 3 way switch ကိုတော့ နေရာ(၃)နေရာ သို့မဟုတ် နေရာအစုံကနေ အပိတ်အဖွင့် အဖြင့်အသုံးပြုရာမှာသုံးကြပါတယ်။


2 way switch ရဲ့ အလုပ်လုပ်ပုံကတော့ Common point ကနေ ဘေး Point ၂ ခု ကို ဟိုဘက် ဒီဘက် ပြောင်းပြီး connect လုပ်တာပါ ။

Wiring ကတော့ 2 way switch နှစ်ခုကို Line 1 to line 1 , line 2 to line 2 ကို ဆက်ပါ ။ switch တခုက common ကို phase wire ဆက် ပြီး နောက် switch common တခုက အထွက် ကို မီးလုံးရဲ့ Point (အချို့က ခတ်ကြိုးလို့ခေါ်ကြပါတယ်)တခု ကိုသွား ဆက်ရပါမယ်။ မီးလုံးရဲ့ Point တခု က Neutral ကို ဆက်ပါ ။ ဒါ ဆိုရင် 2 way switch wiring ပြီးပါပြီ။


2way switch wiring နားလည်ပြီဆို 3way wiring လည်း လေ့လာဖို့ မခက်ခဲတော့ပါဘူး။

2 way sw ရဲ့ connection ကြားမှာ 3way s/w or multi s/w လေး ထည့်ပေးလိုက်ရုံပါပဲ။ 3 way s/w ခေါ် multi s/w မှာ point (4)ပွိုင့်ပါရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ ပုံ(၂)ကို ကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်။

အဲဒီနည်းအတိုင်းနဲ့ (၄)နေရာက အပိတ်ဖွင့် လုပ်မယ်ဆိုရင် multi switch ၂လုံးသုံးရုံပါပဲ။ (၅)နေရာက အပိတ်ဖွင့်လုပ်မယ်ဆို multi switch ၃လုံးသုံးလိုက်ရင် ရပါပြီး။

Switch တွေရဲ့ဘအလုပ်လုပ်ပုံကို frist comment မှာ ကြည့်နိုင်ပါတယ်😘😘😘

ဒီလောက်ဆို အားလုံးအဆင်ပြေလောက်မယ်ထင်ပါတယ်။

ခလုပ်တွေမှာCommon , L1 ,L2 ဆိုပြီးတော့ရေးထား‌ေပးပါတယ် ။ဒါမှ မဟုတ်ရင်တော့ မီတာ နဲ့ စစ်လို့ရပါတယ် ။ s/w တွေရဲ့ company တွေမတူတော့ ပုံစံ အမျိုးမျိူး နဲ့ လာတတ်ပါတယ် ။ ဘယ်ပုံစံနဲ့ပဲလာလာ common, L1, L2 သိရင် wiring ပုံစံကို နားလည်ထားရင် ရပါပြီခဗျ။

အပတ်စဥ်တိုင်း လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတများ ရေးသားမျှဝေပေးသွားမှာဖြစ်လို့စောင့် မျှော်ဖတ်ရှု‌ေပးကြပါအုံး

#Aung Thu 24/9/2020

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ