Auto Change Over အလွယ် တပ်ဆင်နည်း

 Auto Change Over အလွယ် တပ်ဆင်နည်း







‌ရေးသားသူ FB သို့ သွားရန်

ဒီနေ့အတွတ် ပြောပြပေးမဲ့အ‌ေကြာင်းရာလေးက အိမ်မှာဖြစ်ဖြစ် စက်ရုံတွေမှာဖြစ်ဖြစ် လိုသလိုသုံးလို့ရပြီး အသုံးဝင်မဲ့ Auto Change over , Control wiring လေးပါ။ အရမ်းလွယ်သလို လက်တွေ့မှာ တကယ်အသုံးလည်း ဝင်ပါတယ်။

👉အိမ်မှာ လက်လှည့် change over တွေ မသုံးချင်တော့လို့ပဲဖြစ်ဖြစ်

👉မီးပျက်ရင် အင်ဗာတာခလုပ်ကို အမှောင်ထဲ လိုက်ရှာဖွင့်နေရလို့ပဲဖြစ်ဖြစ်

👉မီးပျက်ရင် မီးစက်ကို အပြေးေပြးပြီး မောင်းနေရလို့ စိတ်ညစ်နေလို့ပဲဖြစ်ဖြစ်

အခုပြောပြပေးမဲ့ MC Control အကြောင်းရာလေးက အဆုံးသတ်ပေးပါလိမ့်မယ်။

MC ရဲ့ သဘောတရား လုပ်ဆောင်ချက်လေးတွေ သိထားမယ်ဆိုရင် ပုံလေးကြည့်လိုက်တာနဲ့ တမ်းပြီး နားလည်သဘောပေါက်နိုင်ပါတယ်။ ဒါပေမဲ့ လေ့လာဆဲ လူငယ်တွေအတွတ် အသေးစိတ်ပြောပြထားပါတယ်။ ‌လိုက်လုပ်ကြည့်ပါ။ အဆင်ပြေအောင် အသေးစိတ်ရှင်းပြထားပါတယ်။

Auto Change over လေးလုပ်ဖို့ MC 2လုံးလိုပါမယ်။ ရေဘူယျအားဖြင့် MC တစ်လုံးမှာ input power line အတွတ် L1(1), L2(3) , L3(5) ဆိုပြီးသတ်မှတ်ပေးထားပြီး output load side ကို T1(2), T2(4), T3(6)ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ နောက်ပြီး

NC, NO နဲ့ A1, A2 ဆိုတဲ့ စာသားလေးတွေ ပါတာကို မြင်တွေ့ရပါလိမ့်မယ်။

230V MC ဆိုရင် A1နဲ့ A2 ကို Line,Neutral ပါဝါ‌ ပေးလိုက်ရင် MC ကပ်ပါတယ်။

တကယ်လို့380V_ MC ဆိုရင် A1နဲ့A2ကို R,Y,B line 3လိုင်းထဲက ကြိုက်ရာ Line 2ကြိုးမှ powerပေးလိုက်ရင် MC အလုပ်လုပ်ပါ့မယ်။ ခုက အိမ်သုံးဆိုတော့ 230V MC နဲ့ပေါ့။

MC‌ေတွမှာပါတဲ့ NC ဆိုတာက normally close လို့ပြောတာပါ။ သာမာန်အချိန်မှာ contact point လေးတွေက ကပ်နေတယ် ထိနေတယ်ပေါ့။ NC ပွိုင့်နှစ်ခုကို မီတာထောက်ကြည့်ပါက အဆက်သွယ်ရှိနေတာတွေ့ရပါလိမ့်မယ်။

NOဆိုတာကတော့ normally open ပါ။ သာမာန်အချိန်မှာ contact point တွေဟာ ပွင့်နေကွာနေကြလို့ မီတာထောက်ကြည့်ရင် ပြတ်တောက်နေတာ တွေ့ရမှာပါ။

စာသားနည်းနည် ရှည်သွားပြီ ဒီလောက်ဆို MCရဲ့ သဘောတရားလောက်တော့ သိလောက်ပြီထင်ပါတယ်။

ခု Auto Change over wiring လေး ဆက်ပြောပြပါ့မယ်။

Control circuit ကိုပဲ ပြောပါ့မယ် ။


EPC👇

EPC က လာတဲ့ Nကို MC 2ရဲ့ A1 or A2 တစ်ခုခုနဲ့ဆက်သွယ်လိုက်ပါ။ Lကို နှစ်ခုထဲက ကျန်တဲ့ Aတစ်ခုကိုဆက်ပါ။ Line ကြိုးကိုပုံမှာတော့ ခလုပ်ခံပေးထားပါတယ်။ မခံလည်း ရပါတယ်။ အပေါ်မှာ breaker ပါလို့ပါ။ A1ရော A2 ရော L, N power ပေးလိုက်လို့ MC ကပ်ပါပြီ။ power circuit သွယ်တန်းပြီးသားဆိုရင် အိမ်ထဲကို မီးရောက်ပါပြီ။


Solid👇

ဆိုလာက လာတဲ့ Nကိုလည်း MC1မှာ A1 or A2 တစ်ခုခုနဲ့ ဆက်သွယ်လိုက်ပါ။ ဒီတစ်ခါ ဆိုလာက Lကို ကျန်A တစ်ခုမှာ မဆက်သွယ်ခင် MC 2ရဲ့ NC ကို ဖြတ်ပြီးမှ MC1 ရဲ့ကျန်တဲ့ A တစ်ခုကို ဆက်သွယ်ရပါမယ်။

ဒါဆို Auto Change over ပြီးပါပြီ။

MC 2ရဲ့ A1 &A2 ကို EPC ကနေတိုက်ရိုက် power ပေးထားလို့ MC က မီးလာချိန်ဆို ကပ်နေ ပါလိမ့်မယ်။ကပ်နေချိန် MC2ရဲ့ NCက NOအခြေနေ ဖြစ်သွားလို့ ဆိုလာက လာတဲ့ Lက အဲနေရာမှာပဲ ပြတ်တောက်နေပြီး MC 1 အလုပ်မလုပ်နိုင်ပါဘူး။ တကယ်လို့ epc မီးပြတ်သွားချိန် MC2 က ပြန်ကွာသွားပြီး NCပြန်ဖြစ်သွားပြီး MC1 ကပ်သွားပါမယ်။ မီးပြန်လာချိန် MC2 ပြန်ကပ်ပါမယ်။ 

ဒီလောက်ဆိုအားလုံး အဆင်ပြေကြမယ်ထင်ပါတယ်။နောက်တစ်ပတ်မှာ 3 way auto Change over ဆင်နည်းလေးပြောပြမှာမို့ ခုဟာလေး နားလည်အောင် လေ့ကျင့်ထားစေချင်ပါတယ်။

အပတ်စဥ်တိုင်း လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတများ ရေးသားမျှဝေပေးသွားမှာဖြစ်လို့

အဆင်ပြေတယ်ဆို စောင့် မျှော် ပေးကြပါအုံး

Aung Thu (26/9/2020)

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ