မိုးကြိုးဖြစ်ပေါ်ရခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ

 👉ဒီနေ့

🌧️ မိုးတွေရွာပြီး 

⛈️လျှပ်စီးတွေ မြင်တွေ့လိုက်တော့ 

⚡မိုးကြိုးပစ်ခြင်းနဲ့ လျှပ်စီးဖြစ်ပေါ်ခြင်း အကြောင်းလေး ခေါင်းထဲဝင်လာတယ်။

မူရင်းရေးသားသူ Fbသို့ သွားမည်











တကယ်တမ်းက လျှပ်စီးကူးတယ် မိုးကြိုးပစ်တယ်ဆိုတာက မတူညီတဲ့ positive protons နဲ့ negative electrons တွေ ဆွဲငင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။

အဲတာကို လက်တွေ့ဥပမာ တစ်ခု လုပ်ကြည့်လို့ ရပါတယ်။ လက်တစ်ဆစ်စာ စက္ကူအပိုင်းစလေးတွေနဲ့ ဘောပင်တစ်ချောင်းပဲလိုပါတယ်။

ဘောပင်ကို ဆံပင်တွေကြားထိုးပြီး စက္ကန့်သုံးဆယ်လောက် ပွတ်တိုက်ပြီး စက္ကူအပိုင်းစလေးတွေအနား ချကြည့်လိုက်ရင် စက္ကူလေးတွေ ပြေးကပ်လာတာ တွေ့ရပါလိမ့်မယ်။ 

တကယ်တော့ မိုးကြိုးလျှပ်စီး ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းနဲ့ အတူတူပါပဲ။


မိုးရွာဖို့ ရေငွေ့ရေမှုန်လေးတွေဟာ စုဝေးရာကနေ

 ပွတ်တိုက်မှုကနေ အစပြုပြီး ဖြစ်လာပါတယ်။

ဒီလိုတဖြေးဖြေးနဲ့ electron ကြီးမားလာပြီး တခုနဲ့ တခု ဆွဲငင်ခုန်ကူးကြပြီး ကြီး မားတဲ့ လျပ်စီးကြောင်းတွေ ဖြစ်ပေါ်လာတော့တာပါပဲ။ ဒီလိုခုန်ကူးတဲ့နေရာမှာ တိမ်တွေအခြင်းခြင်းလည်း ခုန်ကူးနိုင်သလို ကောင်းကင်က negative charge နဲ့ မြေပြင်က positive charge နဲ့လည်း ခုန်ကူးတတ်ကြပါတယ်။ တိတ်တွေအချင်းချင်း ခုန်ကူးတဲ့အခါ သာမာန် လျှပ်စီးများသာ ဖြစ်ပေါ်ပြီး ‌ကောင်းကင်က negative chargeနဲ့ မြေပြင်က positive charge ခုန်ကူးတာကိုတော့ မိုးကြိုးပြစ် တယ်လို့ခေါ်ကြပါတယ်။ 


‌‌တကယ်တော့ မြေပြင်က positive charge နဲ့ discharge မလုပ်ခင် ပစ်မှတ်ကို အရင်ရှာကြပါတယ်။ ဒါဆို ဘယ်လိုမျိုး ပစ်မှတ်ရှာကြလည်းဆို negat၏ive charge တွေဟာ သူတို့နဲ့အနီးဆုံး ပစ်မှတ်ကိုရှာပါတယ်။ တနည်းပြောရရင် negative charge တွေ အင်အားကြီးနေရာနဲ့နီးတဲ့ မြေပြင်က အမြင့်ဆုံးဆိုတဲ့ အရာတစ်ခုခုကို ရှာကြပါတယ်။


Negative charge တွေ အင်အားကြီးဖြစ်ပေါ်နေရာမှာ အနီးဆုံးက အဆောက်ဦးတွေရှိရင် အမြင့်ဆုံး အဆောက်အုံနဲ့ discharge ပြုလုပ်ပါမယ်။သစ်ပင်တွေရှိရင် အမြင့်ဆုံးအပင်ကို ဦးတည်ပါမယ်။ ကွင်းပြင်ဖြစ်နေရင် လူရှိရင် လူနဲ့ ဖြစ်နိုင်သလို လူမရှိရင်တော့ မြေပြင်နဲ့လည်း discharge ပြုလုပ်နိုင်ပါတယ်။


အဲဒီလို အခြေနေဖြစ်ပေါ်လာပြီဆို ကျတော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ လျှပ်ကူးပစ္စည်းအရာအားလုံးကို လျှပ်စီး(High Voltage)များ

 စီးဝင်တတ်ပါတယ်။ ဒါကြောင့်မို့ electric device တွေဆိုရင် ပျက်စီးဆုံးရှုံးကြရပြီး လူ၊သက်ရှိတွေဆိုရငိတော့ စက်ကွင်းမိခံရတယ်လို့ ပြောဆိုလေ့ရှိပါတယ်။

ဒါကြောင့်မို့ မိုးချိန်းနေချိန် မိုးကြိုးတွေပစ်နေချိန်ဆို လျှပ်စီးကူးနိုင်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ကျင်သင့်ပါတယ်။ လျှပ်စစ်ပစ္စည်း အသုံးဆောင်များ ပိတ်ထားသင့်ပါတယ်။ မီးပလပ်အားလုံး ဖြုတ်ထားရပါမယ်။ 

တကယ်လို့ ကွင်းပြင်မှာ မိမိက ရောက်နေမိရင် အဲနေရာကနေ ချက်ချင်းထွက်ခွာသင့်ပါတယ်။ 

အပင်မြင့် အပင်ကြီးတွေ အနား မသွားပါနဲ့။ အပေါ်က ပြောထားခဲ့သလို discharge လုပ်နိုင်ခြေ အပင်ကြီးတွေက ပိုများလို့ပါ။

သံထည်အဆောက်အုံတွေကြား မသွားပါနဲ့ မခိုလုံပါနဲ့။ လျှပ်စီးကူးနိုင်ခြေ အများဆုံးမို့ပါ။ အရေးပေါ် အခြေနေများနဲ့ ကြုံတွေရရင် လုပ်ဆောင်ရမဲ့ ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့လည်း မိုးလေဝသဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေကိုလည်း ဖတ်ရှုလေ့လာထားဖို့ လိုပါတယ်။

ခုကျနော်ရေးသားထားသမျှသည် ကျနော်သိရှိထားသလောက်မျှသာ ဖြစ်ပါသဖြင့် မပြည့်စုံ မလုံလောက်သေးနိုင်သလို အမှားအယွင်းများပါရှိခဲ့ပါလျှင် ပြန်လည်ရှင်းပြပေးကြပါရန် မေတ္တာရပ်ခံပါတယ်။


‌💞ချစ်ခြင်း မေတ္တာဖြင့်💞

‌#Aung Thu 20/9/2020

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ