အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

 မီတာခ ဘယ်လိုတွက်မလဲ???

မူရင်းတင်ဆက်သူ FBသို့ သွားမည်


⚡လျှပ်စစ်ပစ္စည်းတိုင်းနီးပါးမှာ name plate Label လေးတွေပါပါတယ်။အဲဒီ Label လေးတွေမှာ အဲဒီလျှပ်စစ်ပစ္စည်းရဲ့ power supply voltage, Watt, Amp  ဆိုပြီး စတဲ့ စကားလုံးကို  ဖော်ပြပေးထားပါတယ်။ 


ခု‌တွတ်ချက်မှုမှာ kilowatt (KW)ကိုပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီအတွတ် သတိပြုရမှာက kilowatt (KW) ဆိုတဲ့ စာလုံးမတွေ့ရင် W,HP ဆိုတဲ့ စာလုံးတစ်ခုခုရှာပါ။ 

👉W တွေ့ရင် 1000နဲ့စားပါ။

ဥပမာ 2000Wလို့တွေ့ရင် 2000÷1000=2KW လို့ မှတ်ယူပါ


👉သို့မဟုတ် HP ကိုတွေ့ရင် 746နဲ့ မြှောက်ပေးပါ။

ဥပမာ 3HPလို့ တွေ့ရင် 3×746=2238W ရပါတယ်။ kilowatt(KW)ရဖို့ 1000နဲ့ ထက်စားရပါမယ်။

2238W÷1000=2.24KW လို့ရပါတယ်။


ကဲ kilowatt အကြောင်းရရင် ကုန်ကျယူနစ် စတွတ်လို့ရပါပြီ


တကယ်လို့ - မိတ်ဆွေအ်ိမ်မှာ 300Wရှိတဲ့ ရေခဲသေတ္တာ တစ်လုံးကို တစ်နေ့လုံး 24hr ဖွင့်ထားတယ်ဆိုပါစို့။

ဒါဆို 300 Watt ကို 1000နဲ့စားပါ။ ပြီးရင် အသုံးပြုမဲ့ ကြာချိန်နဲ့မြောက်ပါ။ ဒီတော့

(300÷1000)×24ဆိုတော့ 7.2KWH ဆိုပြီး ရပါတယ်။


 1 Kilowatt-hour ဟာ လျှပ်စစ်မီတာ ၁ ယူနစ်ဖြစ်ပါတယ် ။ ဒါဆို ဒီဥပမာအရ ရေခဲသေတ္တာကို တစ်နေ့လုံးဖွင့်ထားရင် 7.2 ယူနစ်ကုန်ကျတယ်ပေါ့။


ဒီနည်းအတိုင်း အိမ်ရှိလျှပ်စစ်ပစ္စည်းများကို တစ်ရက် ဘယ်လောက်ယူနစ် ကျမလဲဆိုတာ သိနိုင်ပါပြီ။ တစ်လလုံးစာသိချင်ရင်တော့ ရက်30 နဲ့မြှောက်ရင် ကိုယ့်အိမ်ရဲ့ လစဉ်ပျမ်းမျှအသုံးပြုမယ့် မီတာယူနစ်ကို သိရှိနိုင်ပြီပေါ့


အပတ်စဥ်တိုင်း လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတများ ရေးသားမျှဝေပေးသွားမှာဖြစ်တယ်။

ကျေးဇူးတင်ပါတယ်။


Aung Thu (4.10.2020)

Comments

Popular posts from this blog

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ