Breaker ရဲ့ input က အပေါ်ကအမှန်လား အောက်ကအမှန်လား

 MCB Breakerတွေ ကို ဘယ်လို ဆက်သွယ်တာက အမှန်လဲ(အပေါ်ကလား?အောက်ကလား?)








မူရင်း ရေးသားသူ FBသို့ သွားရန်

MCB Breaker ဆိုသည်မှာ ပုံမှန်မဟုတ်တဲ့ circuit အခြေအနေများနှင့် overload နှင့် short circuit ကဲ့သို့သောအခြေအနေများတွင် electric current ကို ဖျက်ဆီးနိုင်သည့်စက်မှု switching device တစ်ခုဖြစ်တယ်။


လုပ်ငန်းခွင်နှင့် အသုံးပြုသူအများစုသည် MCB breaker တွေမှာ input power_အဝင် နှင့် output load _အထွက် ကို မည်သို့ တပ်ဆင်ရမည်ကိုရှုပ်ထွေးနေကြပါတယ် (အပေါ်ဘက်သို့မဟုတ် အောက်ဘက်ကဝင်ရင် မှန်လား မှားလား.......?) ။


အမှန်တကယ်တော့ ဈေးကွက်မှာ breaker   အမျိုးအစားများစွာ ရှိပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံငုံပြောရရင် ၂မျိုးပဲရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။


1👉Terminal marking (LINE / LOAD Marking)MCB (Polarized MCB)

အဝင်အထွက်ကို သက်မှတ်ပေးထားတဲ့ အမျိုးအစားနှင့်

ပုံ 1 တွင် ကြည့်ပါ။

2👉Terminal marking (no marking) MCB (Polarized MCB) 

အဝင်အထွက် သက်မှတ်မထားတဲ့ အမျိုးစားဆိုပြီး ရှိပါတယ်။

ပုံ 2တွင်ကြည့်ပါ။

ကျွန်ုပ်တို့သည် သက်မှတ်ပေးထားတဲ့ အမျိုးအစားမှာ  အထက် အောက် မှားယွင်းပြီး တပ်ဆင်မှု ပြုလုပ်ပါက မှားယွင်းမှုအတွက် breaker တွေရဲ့ သင့်လျော်တဲ့ အကာအကွယ်ပေးလိမ့်မည် မဟုတ်ပါဘူး ။ breakerက သူတို့ရဲ့ function ကို ကောင်းကောင်း အလုပ် လုပ်လိမ့်မည်မဟုတ်။

အမှတ်သား (Terminal Marking) မပါတဲ့ breaker များမှာတော့ အလျဉ်းသင့်သလို တပ်ဆင်နိုင်ပါတယ်။ ဒါမှမဟုတ် ပိုမိုစိတ်ချ ချင်လိုပဲဖြစ်ဖြစ် ၊ မိမိကိုယ်တိုင်က စိတ်ထဲမှာ မ‌သင်္ကာလို့ပဲဖြစ်ဖြစ် ခံစားချက် ဖြစ်နေရင်တော့ short circuit လုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။

Breaker နှင့်ပတ်သက်တဲ့ ရှင်းလင်းချက်များ မပြီးပြည့်စုံသေးသော်လည်း မအားလပ်သေးလို့ ဒီလောက်ဖြင့်သာ ရပ်ခွင့်ပြုပါ။

ရေးသားချက်တွင် အမှားအယွင်း ပါရှိပါက ပြန်လည် လမ်းပြပြုပြင်ပေးကြပါခင်ဗျ။

နောက်လည်း ဆက်လက်ပြီး လျှပ်စစ်နှင့် စပ်လျဉ်းတဲ့ ဗဟုသုတများ ရေးသားပေးသွားမှာမို့ စောင့်မျှော်ပေးကြပါအုံးခင်ဗျ။


#AungThu 9/18/2020

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ