Earth leakage Breaker အကြောင်း

 Earth leakage Breaker အကြောင်း











ရေးသားသူ FB သို့ သွားမည်

ခုညနေ အလုပ်က ပြန်လာတော့ ရေချိုးမယ်လုပ်တုန်း ရေကန်မှာ ရေနည်းနေတော့ ရေမော်တာ breaker လေး သွားတင်ရင်း အတွေးထဲ ဖျက်ခနဲ တစ်ခုခုကို သတိရမိသွားတယ်။

ဘာလည်းဆိုတော့ ဟိုတစ်နေ့က GP ထဲမှာ Earth leakage Breaker လို့ ခေါ်နေကြတဲ့ RCD ( residual current device) ကို တပ်ဆင်မယ်ဆိုရင် earth cable လိုလား မလိုဘူးလားလို့ မေးထားတာလေးကိုပါ။

တကယ်တော့ breaker ဆိုတာကတော့ သိပြီးထားကြတဲ့အတိုင်း သာမာန်မဟုတ်တဲ့ အခြေနေကို Break (ရပ်တန့်) ပေးတဲ့ ပစ္စည်းတစ်ခုပါပဲ။

ဘယ်အချိန် ဘယ်အခြေနေမှာ ရပ်တန့်(break)လုပ်မယ်ဆိုတာကတော့ အဲဒီ breaker ရဲ့ အဓိက လုပ်ဆောင်ချက်ပါ။


ခုက Earth leakage Breaker အကြောင်းဖြစ်လို့ Earth leakage ဆိုတာ ဘာလည်းဆိုတာ သိဖို့ လိုအပ်ပါတယ်။ leakage ဆိုတာကို တိုက်ရိုက်ဘာသာပြန်ရင် ယိုစိမ့်မှုပါပဲ။

ယိုစိမ့်မှုဆိုတာ ဘယ်လိုမျိုးလည်း?

 ကျနော်တို့ သွယ်တန်းထားတဲ့ ဝါယာကြိုးက ပေါက်ပြဲလို့ပဲဖြစ်ဖြစ် လျှပ်ကာ‌ခေါ် insulation မကောင်းလို့ ပဲဖြစ်ဖြစ် လျှပ်စစ် current က အခြားလျှပ်စစ်ကူးနိုင် စီးဆင်းနိုင်တဲ့ ပစ္စည်း၊ အရာဝတ္တု တစ်ခုခုနဲ့ ထိတွေ့နေပြီဆို leakage ဖြစ်နေပါပြီ။

အဲဒီ current စီးဆင်းခံနေရတဲ့ ပစ္စည်းတွေကနေ ဘယ်နည်းနဲ့မဆို တစ်နည်းနည်းနဲ့ current‌ေတွက earthဆီကို စီးဆင်းနိုင်ခဲ့ရင် Earth leakage ဖြစ်သွားပြီမို့ breaker trip ဖြစ်သွားပါတယ်။

ဥပမာ မြင်သာအောင်ပြောရရင် မီးဖိုချောင်မှာ သုံး‌ေနတဲ့ ဒယ်နီအိုးမှာ ကြိုးပေါက်ပြီး မီးဝင်နေပါတယ် ဆိုပါစို့။ အိမ်မှာ earth ကြိုးရှိနေပြီး ဒယ်နီ မှာ earth ကြိုးရှိနေရင် earth ကြိုးကတဆင့် breaker ကို trip ဖြစ်စေပါတယ်။

တကယ်လို့ earth cable မရှိရင် ဒယ်နီကို ကိုင်မိတဲ့သူ ဓါတ်လိုက်ပေမဲ့ လူကတဆင့် Earth leakage ဖြစ်စေတာကြောင့် breaker က current ခြားနားချက်ကြောင့် trip ဖြစ်ပါတယ်။

ဒါကြောင့် Earth leakage breaker ကိုတပ်ဆင်မယ်ဆို earth wire ရှိရှိ မရှိရှိ တပ်ဆင်လို့ရပါတယ်။ ဒါပေမဲ့ earth wire ရှိရင်တော့ လူကမကိုင်ခင် breaker trip အရင်ဖြစ်တာကြောင့် ပိုပြီး အန္တရာယ်ကင်းပါတယ်။ ငွေကြေးတတ်နိုင်ရင် earth wireသွယ်တန်းခြင်း အတွတ် တိုက်တွန်းခြင်ပါတယ်။

လူသားအားလုံး လျှပ်စစ် အန္တရာယ်မှ ကင်းရှင်းနိုင်ပါစေ။

မေတ္တာဖြင့် အခြေခံ လေ့လာသူများလည်း နားလည်အောင် ရေးသားထားခြင်းဖြစ်ပါသည်။

#Aung Thu (26.10.2020)

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ