Transformer အကြောင်း
Transformer အကြောင်းတစ်စေ့တစ်စောင်း
နည်းပညာပိုင်းတွေ တိုးတတ်လာတာနဲ့အမျှ လျှပ်စစ်ပစ္စည်းတွေ အသုံးများလာကြရတယ်။
နောက်ပြီး ဇိမ်ခံလျှပ်စစ်ပစ္စည်းတွေလည်း သင့်တင့်တဲ့ဈေးနဲ့ ဝယ်ပျော်သုံးပျော် ဆိုတော့ အိမ်တိုင်းနီးပါး အသုံးပြုလာကြတယ်။ ဒါပေမဲ့ ခုလိုတိုးတတ်လာတဲ့ ခေတ်မှာ မီးချောင်းထွန်းချုပ်ကအစ တီဗွီအဆုံး ယခင်ကလို ကွိုင်ထုတ်တွေ ပါမလာတော့ပဲ ဆားကစ်တွေထည့်သုံးလာတာ သတိထားမိကြမှာပါ။ တိုးတတ်လာတယ်ဆိုပေမဲ့ ယခင်ကွိုင်ထုတ်ပါတာတွေလို မီးအား ရုတ်တရက် အတတ်အကျဒဏ်ကိုတော့ မခံနိုင်တာက ပြသနာတစ်ခုဖြစ်လာတယ်။ မြန်မာနိုင်ငံမှာက မီးအားအတတ်အကျ အဖြစ်များသလို မီးအားနည်းတဲ့ ပြသနာကလည်း မကြာခဏ ကြုံတွေနေကြရတယ်။
ဒီတော့ (Transformer )ကို အိမ်တိုင်းလိုလို အသုံးပြုလာကြရတယ်။ ဒါကြောင့် transformer အကြောင်းလေး နည်းနည်းပြောဖို့ ပြချင်လာတယ်။ မိမိအိမ်ကအစ ရပ်ကွက်လမ်းတွေထဲအဆုံး တပ်ဆင်လာကြတဲ့ Transformer ရဲ့ သဘောသဘာဝလေးသိအောင်ပါ။
Transformer တိုင်းက မီးအားမြှင့်စက်မဟုတ်ပါဘူး။ step down transformer (မီးအားနှိမ့်စက်)၊ step up transformer (မီးအားမြှင့်စက်)ဆိုပြီး ရှိပါတယ်။
Transformer တိုင်းမှာ Primary Coil နဲ့ Secondary Coil ဆိုပြီး ကွိုင် ၂ ခုရှိပါတယ်။ မြင်သာအောင်ပြောရရင် အဝင်ကွိုင် အထွက်ကွိုင်လို့ သိရှိထားနိုင်ပါတယ်။ Primary Coil က epc မီးအားဝင်လာပါတယ်။ Secondary Coil နေ မီးထွက်ပြီး လိုအပ်နေရာကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ primary coil နဲ့ secondary coil က ဝါယာကြိုးဆက်သွယ်မှုမရှိပါဘူး။ ညို့ဓါတ်လို့ခေါ်တဲ့ magnetic field နဲ့ အလုပ်ဖြစ်ေမြှာက်ေစတာပါ။
ချွင်းချက်။။ ။။ Auto Transformer တွေကတော့ တစ်ကွိုင်တည်းပါ။
လျှပ်စစ်ကူးပြောင်းဖို့ ရွေ့လျားနေတဲ့ အရာ၀တ္ထုတစ်ခုမှမပါလို့ Tranformer တွေဟာ အခြားသော လျှပ်စစ်ပစ္စည်းတွေလို Friction Loss ခေါ် ပွတ်တိုက် ဆုံးရှုံးမှု တွေမရှိပါဘူး။ Transformer တွေမှာရှိနေတဲ့ Electrical Lossကတော့ ပမာဏအလွန်နည်းတဲ့ Core Loss နဲ့ Copper Loss ဒီ ၂ ခုပဲ ရှိတာပါ။
🥰Transformer Tap Changer အကြောင်းဖတ်ရှုဖို့ သက်သက် ပို့စ်တင်ပေးပါ့မယ်။
လျှပ်စစ်ဖြန့်ဖြူးေရးစနစ်မှာ Step Up Transformer နဲ့ Step Down Transformer ၂ ခုကို သင့်တော်သလို အသုံးပြုကြပါတယ်။
ဥပမာ - ဓါတ်အားပေးစက်ရုံကနေ မြို့တစ်မြို့ကို ပေးဖို့ လိုအပ်တဲ့ High Voltage အတွတ် step up transformer ကို သုံးရပြီး
ရပ်ကွက်တွေထဲက လူနေအိမ်တွေကို ပြန်လည်ဖြန့်ဖြူးဖ့်ုအတွတ် step down transformer ေတွကို ပြန်သုံးပေးရပါတယ်။
လူနေအိမ်တွေ မှာတော့ များသောအားဖြင့် transformer အားလုံးကတော့ step up တွေပဲ အသုံးပြုထားကြတာပါ။
Transformer တွေဟာ လျှပ်စစ်ဖြန့်ဖြူးရေးစနစ်တွင်သာမက မိမိအိမ်သုံးအတွတ်ရော အလွန်အရေးပါတဲ့ ပစ္စည်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ကြာရှည်ခံတဲ့၊ နည်းပညာမြင့်မားတဲ့၊ Loss တွေနည်းတဲ့ Transformer ကိုရွေးချယ်၀ယ်ယူအသုံးပြုဖို့လိုအပ်ပါတယ်။
ဒါမှသာ မိမိအိမ်သုံး လျှပ်စစ်ပစ္စည်းတွေအတွတ်တင်မကပဲ မိမိအသက်နှင့် အိုးအိမ်စည်းပွားကိုပါ ကာကွယ်ရာရောက်မှာပါ။
အားလုံးအဆင် ပြေကြပါစေ
#Aungthu (21/10/2020)
Comments
Post a Comment