Breaker အကြောင်း ဗဟုတုတ
Breaker အကြောင်း ဗဟုတုတ
သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ဖို့ဆို
MCB ( Miniature Circuit Breaker ) တစ်လုံးလောက်တော့ အနည်းဆုံး တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။
အရည်သွေးနိမ့်တဲ့ breaker အမျိုးစားတွေ တပ်ဆင်မိလိုက်တာတဲ့ ကိုယ်တစ်သက်လုံးလရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်တွေ မထင်ထားတဲ့ အချိန်တိုလေးအတွင်မှာ ဆုံးရှုံးသွားနိုင်တာမို့စိတ်ချရတဲ့ breaker အမျိုးစားကို သိတတ်နားလည်တဲ့သူတွေနဲ့သာ သေချာ ရွေးချယ် ၀ယ်ယူသင့်ပါတယ်။
ကျနော်တို တပ်ဆင်လိုက်တဲ့ breaker တွေမှာ သတ်မှတ်သက်တမ်းတွေရှိပါတယ်။မြင်သာအောင်ပြောရရင် မီးသီးတို့ မီးချောင်းတို့လိုပါပဲ။
ခုလည်း breaker တွေမှာ သက်တမ်း နှစ်မျိုးရှိပါတယ်။ Mechnical Life နဲ့ Electrical Life တို့ ဖြစ်ပါတယ်။
Mechnical Life ဆိုတာကတော့ Breaker ကို အတင်အချလုပ်တဲ့ အကြိမ်အရေအတွက် ကန့်သက်ထားခြင်း ဖြစ်ပါတယ်။
အတင်အချများရင် Mechnical Life အရBreaker အထဲက ကြေးပြားမောင်းတံလေးဟာ ခုခံနိုင်အားနည်းလာပြီး ပျက်စီးရခြင်း ဖြစ်ပါတယ်။
Electrical Life ဆိုတာကတော့ breaker မှာ သတ်မှတ်ထားတဲ့ (A)ကျော်လွန်အသုံးပြုခြင်း (Overload ) or ဝါယာရှော့(Short Circuit) ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလာလို့ ပျက်စီးရခြင်း တို့ ဖြစ်ပါတယ်။
🙏ဗဟုသုတ အားနည်းလို့ အမှားပါရင် ခွင့်လွတ်ပါ။
နောက်တစ်ပတ်မှာ breaker size ရွေးချယ်တပ်ဆင်ခြင်းနှင့် wire(or) cable size ရွေးချယ်ခြင်းတို့ကို ပြောပြပေးသွားပါ့မယ်။
Aung Thu (13.9.2020)
Comments
Post a Comment