မိုးကြိုးမပစ်မီ ကြိုတင်သိရှိနိုင်ရန် (သို့) မိုးကြိုးမပစ်အောင် ဘယ်လိုလုပ်မလဲ???
#မိုးကြိုးမပစ်အောင် ဘယ်လိုလုပ်မလဲ?
-------------------------
ကျနော် ပေးထားတဲ့ ပြောလိုက်တဲ့ ခေါင်းစဉ်က တကယ်တော့ မှားနေပါတယ်။ ဘာလို့လည်းဆိုမိုးကြိုးမပစ်အောင် လုပ်လို့ မရလို့ပါ။ဒါပေမဲ့ ပစ်တဲ့မိုးကြိုးကို သိပ္ပံနည်းကျ ကာကွယ်လို့တော့ညရပါတယ်။ဒီတော့ သက်ရှိတွေ အန္တရာယ်မဖြစ်အောင်၊ စက်ပစ္စည်းတွေ မပျက်စီး အောင် အဆောက်အုံတွေ မထိခိုက်အောင် ကာကွယ်ပေးလို့ရပြီပေါ့။ အဲဒီလိုကာကွယ်လို့ ရတဲ့ စနစ်ကို Lightning Protection System (မိုးကြိုးလွှဲစနစ်) လို့ခေါ်ကြတယ်။
များသောအားဖြင့် ကြီးမားတဲ့ အဆောက်အုံတွေ၊ ဓာတ်အားခွဲရုံေတွ၊ စစ်ဘက်ဆိုင်ရာသုံး readio စကားပြောစက်သုံး တာဝါတိုင်တွေ၊ ဖုန်းတာဝါတိုင်တွေ စသည်ဖြင့် နေရာတွေမှာ LPS ကို တပ်ဆင်ကြပါတယ်။
စိတ်ချရတဲ့ LPS ကို ဘယ်လိုတပ်ဆင်ကြရမလည်း?
ဒါဟာ တစ်ကယ်အရေးကြီးပါတယ်။မြင်ဖူး ကြားဖူးကြမှာပါ ။ မိုးကြိုးလွှဲ တပ်ထားပြီး မိုးကြိုးအပစ်ခံရတဲ့ အဆောက်အုံတွေ။ အဲဒီလို မဖြစ်ဖို့ဆိုအရင်ဆုံး အဆောက်အဦရဲ့ အမျိုးအစား၊ တည်နေရာနဲ့ အမြင့်ကို သေခြာစွာ သိဖို့လိုတယ်။
ဒါမှ ကိုယ်က Protection Class ဘယ်လောက်ထား ရမလဲဆိုတာသိနိုင်ပြီး စိတ်ချတဲ့ LPS ဖြစ်ဖို့ ဆုံးဖြတ်လို့ရပါမယ်။ အရေးကြီးရင် ကြီးသလို Class 1 ,Class 2 or Class 3 ရွေးနိုင်ပါတယ်။
ခုတော့ ပုံမှန် လူနေ အဆောက်အုံ၊ စက်ရုံ
တစ်ခုအတွက် Class 3 နဲ့ ပဲစဉ်းစားကြည့်ရအောင်။ Class 3 ဆိုတာက LPS အတွက် အသုံးပြုမည့် Conductor (Al or Cu) ကို တစ်ခုနဲ့တစ်ခု ၁၅ မီတာထက် မကွာဝေးစေပဲ နေရာချပေးရမှာပါ။ တကယ်တော့ LPSဆိုတာ ဘယ်လို အလုပ်လုပ် သလဲဆိုတာ မြင်သာအောင်ပြောရရင် ပြေးဝင်လာတဲ့ လျှပ်စီးတွေ အဆောက်အုံကို မရောက်နိုင်အောင် မထိခိုက်နိုင်အောင် လျှပ်စီးကူးကောင်းတဲ့ ကြေးချောင်းတွေနဲ့ လမ်းခုလပ်ကနေ ကာကွယ်ပေးထားပြီး မြေကြီးထဲ ဝင်ရောက် ပျောက်ကွယ်သွားအောင် ဆောင်ရွက်တာပါ။
စိတ်ချရတဲ့ LPS ဖြစ်ဖို့စဉ်းစားတဲ့ နေရာမှာ အဆောက်အဦရဲ့ အနေအထားကို မူတည်ပြီး ဘယ်လို Horizontal Protection ပြေးမလဲ။ နောက်ပြီး Electric Charge တွေကို Ground ရောက်အောင် ပို့ပေးမည့် Down Conductor (DC) ကို ဘယ်လို ပြေးမလဲ။ ဒါတွေကို စဉ်းစားဖို့ အတွက်တော့ LPS ကို Design Calculation လုပ်မည့် အင်ဂျင်နီယာက Archi Drawing ကိုနားလည်ဖို့ လိုသလို Structure Drawing ကိုလည်း ဖတ်တတ်ရပါမယ်။ အရမ်း သိနားလည်ကြီး မဟုတ်တောင် အနည်းအကျဉ်းလောက်တော့ သိကိုသိထားရမယ်။ ဒါမှကိုယ့်ရဲ့ LPS ကို Optimum Value ရအောင် လုပ်နိုင်မယ်။ Optimum ဆိုတဲ့နေရာမှာ Effective Cost ကိုလည်း မမေ့သင့်ပါဘူး။ အင်ဂျင်နီယာတစ်ယောက်ရဲ့ တာဝန်က သတ်မှတ်စံချိန်စံညွှန်းနဲ့ အညီလုပ်ငန်းကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ အောင်မြင်အောင် လုပ်နိုင်ဖို့ပါ။
Archi နဲ့ Structure Drawing ကို ကြည့်မှသာ Down Conductor (DC) ကို ဘာသုံးမလဲ (Tape သုံးမလား Rebar သုံးမလား) နောက်ပြီး (Conceal or Surface or Airgap) စသည့်ဖြင့် ဘယ်နည်းနဲ့ ဆင်းမလဲ ဆုံးဖြတ်နိုင်မယ်။ Structure Column တွေကလည်း အကွေ့အကောက်သိပ်မစများဘူး။ Diversion လုပ်ဖို့လည်း သိပ်မရှိဘူး ဆိုရင်တော့ Rebar ကို Conceal သုံးတာ စိတ်အချရဆုံးလို့ ယူဆပါတယ်။ ဒီနေရာမှာ Rebar တစ်ချောင်းနဲ့တစ်ချောင်း Tack Weld လုပ်တဲ့အချိန် သေခြာ ဂရုစိုက်ဖို့လိုပါတယ်။
ခေါင်ပေါ်မှာ Horizontal Run ပြေးဖို့အတွက်ကတော့ Copper Tape ကို သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ခေါင်ပေါ်မှာ Walk Way သို့ Sky Park မျိုးရှိနေခဲ့ရင် Conceal Conductor နဲ့ Strike Pad နဲ့ အတူတွဲသုံးနိုင်ပါသေးတယ်။
ခေါင်မိုးပေါ်ကနေ ဆင်းလာတဲ့ Down Conductor (DC) ကို မြေကြီးပေါ်က Earth Pit ထဲ မဝင်ခင် Test Link Box တစ်ခု ကို မဖြစ်မနေ တပ်ရပါတယ်။ ဒါမှ ခေါင်ပေါ်က ဆင်းလာတဲ့ DC Connectivity ကို အလွယ်တကူ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။ Earth pit ရဲ့ Earthing Resistance ကတော့ < 10 Ohm ဆိုရင် ရပါပြီ။ (Earth Pit Installation ကတော့ အများသိပြီး ဖြစ်မယ် ထင်ပါတယ်။)
အကယ်၍ ကိုယ်က Class 3 Protection ကို ရွေးထားပြီး အဆောက်အုံက 45m + 15m ထက် မြင့်နေခဲ့မယ် ဆိုရင် ကြားမှာ Bonding Points တွေ ထားပေးဖို့ လိုပါတယ်။ ဥပမာ အဆောက်အုံက 60m ဆို 45m မှာ Bonding Points တွေ ထုတ်ပြီး Cladding ကို Bonding လုပ်ရပါမယ်။ အကယ်၍ အဆောက်အဦက Cladding မဟုတ်ပဲ Paint သို့ Tiles ဖြစ်နေခဲ့ရင် အဆောက်အဦတစ်ပါတ် Conductor နဲ့ ပါတ်ပြီး Bonding လုပ်ရပါမယ်။ Bonding Points ဆိုတာ Exothermic Welding ကို ဆိုလိုတာ ဖြစ်ပါတယ်။ အမျိုးတူ သတ္တူနှစ်ခုကို အသင့်ပြုလုပ်ထားတဲ့ မိုထဲထည့်၊ သတ်မှတ်ယမ်းမှုံ ပမာဏထည့်၊ ထို့နောက် မီးရှို့ခြင်းအားဖြင့် အလွန်ပြင်းထန်တဲ့ အပူကို ဖြစ်ပေါ်စေပြီး သတ္တု ၂ ခု ကို အရည်ပျော်စေကာ အချင်းချင်း တွဲဆက်တဲ့ နည်းဖြစ်ပါတယ်။
အမိုးပေါ်မှာ ရေတိုင်ကီ ရေပန့် စသည်ဖြင့် Equipment တွေ ရှိနေခဲ့ရင်လည်း Bonding လုပ်ပြီး Main LPS နဲ့ ဆက်သွယ်ပေးရပါမယ်။ Equipment bonding လုပ်ရင် သတိထားရမှာက အစွန်း ၂ ဖက်မှာ ကြိုး ၂ ခြောင်း ဆက်ဖို့ပါပဲ။ လျှပ်စစ်စီးဝင်ပြီးရင် ပြန်စီးထွက်ဖို့ ဖြစ်ပါတယ်။
ဒါအပြင် Equipotential LPS ဆိုတာ ရှိပါသေးတယ်။ ဒါကတော့ ဘောလုံးကွင်း၊ ကစားကွင်း စတဲ့ကွင်းပြောင်ပြောင်တွေမှာ အသုံးပြုပါတယ်။ တည်ဆောက်ပုံကတော့ မြေကြီးအောက်မှာ ၁ မီတာ Wire Mesh လုပ်တာပါပဲ။ ကုန်ကျစရိတ်လည်း အတော်များတဲ့ လုပ်ငန်းပါ။ Copper Conductor တစ်မျိုးတည်း သုံးကြပါတယ်။ အဆိုပါ Wire Mesh တွေကိုစု၊ အစထုတ်ပြီး Earth Pit နဲ့ ဆက်သွယ်ရပါတယ်။
ခုနောက်ပိုင်တော့ ကျောင်းကစားကွင်း၊ အားကစားကွင်းနဲ့ ရေကူးကန်တွေအတွက် Early Lightning Detection System ဆိုတာ ရှိနေပါပြီ။ ဒီစနစ်က လေထုထဲမှာရှိတဲ့ Electric Charge ပမာဏကို တွက်ချက်ပြီး သတိပေးတဲ့ စနစ်ပါ။ ဒီစနစ်ကနေ မိုးကြိုးအန္တရာယ်ကို ကြိုတင်ပြီး သတိပေးတာကြောင့် အန္တရာယ်ဖြစ်မည့် အခြေအနေဆိုရင် အပြင်ထွက်ခြင်း ရှောင်ရှားနိုင်ပါပြီ။
ဒီလောက်ဆိုရင်တော့ Building LPS နဲ့ ပါတ်သက်ပြီး ဘယ်လိုဆိုတာ အနည်းငယ် ခြုံငုံမိပြီ ထင်ပါတယ်။
Crd,Original uploader
မေတ္တာဖြင့် ပြန်လည်မျှ ဝေသည်
#Aung Thu
Comments
Post a Comment