"Breaker ရဲ့အစ fuse က "

 "Breaker ရဲ့အစ fuse က "

‌မူးရင်းရေးသားသူ FB သို့ သွားမည်

ကျနော်မှတ်မိသလောက် ပြောရရင်ရွာမှာ မီးရတာ 1985လောက်ကတည်းကပါ။ အိမ်တွေမှာ ဖျူ့(fuse)တွေကို အသုံးပြုကြပါတယ်။








ကျနော်တို့ရွာလေးမှာ 2000ပြည့်နှစ်၊ ကျနော် 10နှစ်သား လောက်အထိ circuit breaker တွေ သုံးစွဲတာ မရှိသေးဘူး။ မြို့ကြီးတွေမှာတော့ အသုံးပြုနေပြီလား မပြုဘူးလားဆိုတာကိုတော့ကျနော်မပြောနိုင်ပါဘူး။

တကယ်တော့ ဖျူ့(fuse)တွေအစား circuit breaker ကို အစားထိုးဖို့ 1879 ခုနှစ်မှာ Thomas Edison က တီထွင်ခဲ့ပါတယ်။

ကနဦးဆုံး circuit breaker တွေဟာ ဖျူးစ်တွေအစား နေရာယူလာတာက over current (short circuit) နဲ့ overload ဖြစ်လျှင် အသစ်ဖျူးစ်စံ ပြန်လဲစရာမလိုအဲ့ အားသာချက်ပါ။

ဖျူးစ်နဲ့ 1879ခုနှစ်က စထွင်ခဲ့တဲ့ breaker တွေက လုပ်ဆောင်ချက် အတူတူသာရှိပါသေးတယ်။သံုးစွဲ လျှပ်စစ်ပစ္စည်းတွေကို မထိခိုက်မပျက်စီးအောင်ကိုသာ ကာကွယ်နိုင်ပါတယ်။  

သို့သော် ခုလို နည်းပညာတိုးတတ်လာ ပြီးနောက်ပိုင်းမှာတော့ Electric Device တွေကို updateအဖြစ် ဆန်းသစ်လာခဲ့ကြတယ်။ ခုဆိုအသက်အန္တရာယ်ကာကွယ်နိုင်ဖို့ circuit breaker တွေအထိ ထပ်ပေါ်လာကြပါတယ်။ 

ဒါကြောင့်  breakerကို မှန်မှန်ကန်ကန် ရွေးချယ်တပ်ဆင်မယ်ဆို DB တွေမှာ ဗျုစ်တွေ မလိုပါဘူး။ သို့သော် Control Panel တွေနဲ့ Indicator lamp တွေမှာတော့ fuse တွေ လိုအပ်နေတုန်းပါ။ နေရာယူနေကြတုန်းပါ။

ခုချိန်မှာတော့ over current, overload နဲ့ earth fault  အပါ ကာကွယ်ရန် protection device တစ်ခုအဖြစ်

RCBO သို့မဟုတ် MCB+RCCB တို့ ပေါင်းစပ်တပ်ဆင်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။

Current သဘောတရားက သုံးစွဲမှု များလာလေ ပို၍ များများစီးဆင်လေ။ များများစီးဆင်လေ အပူများများ ပိုထွက်လာလေပါပဲ။ 

အပူများများ ပိုထွက်လေ ဖုံးအုပ်ထားတဲ့ insulator တွေရဲ့ capacity ကျဆင်းလေပယပေါ့။

ကြာလာရင် အပူလွန်ကဲကာ ပေါက်ပြဲမီးလောင်းခြင်း၊ ရှော့ဖြစ်စေချင်းနှင့် မလိုအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်စေပါတယ်။

ထိုအန္တရာယ်တွေကာကွယ်ဖို့ protection device အနေနဲ့ ကျနော်တို့တွေ အမျိုးမျိုးသော circuit breaker တွေ အသုံးပြုဖို့ လိုအပ်လာခြင်း ဖြစ်ပါတယ်။

C.B (circuit breaker) တွေဟာ voltage level အလိုက်အမျိုးအစား ကွဲပြားကြပါတယ်။


ဗို့အားနိမ့် (Breaker in low voltage )

-----------------------

1.Molded Case Circuit Breaker(MCCB)

2.Miniature Circuit Breaker(MCB)

3.Earth Leakage Circuit Breaker(ELCB)

4.Residual Current Device (RCD or RCCB)

5.Residual Current Circuit Breake withoverload (RCBO)


*******************************************


Breaker in medium and high voltage

------------------

1.Oil Circuit Breaker(OCB) {H.V မှာအသုံးများ}

2.Air Blast Circuit Breaker (ABCB)

3.Vaccum Circuit Breaker (VCB)

4.Gas Circuit Breaker (GCB) {H.V မှာအသုံးများ}


ဒါတွေကတော့ AC (Alternating Current) မှာ သုံးတဲ့ breaker ပါ။

DC (Direct Current)  မှာသုံးတဲ့ breaker များလဲ ရှိပါတယ်။


DC Circuit Breaker

1.Solid State Circuit Breaker(SSCB)

2.Hybird DC Circuit Breaker (HDCCB)


C.B (circuit breaker)တွေရဲ့ အလုပ်လုပ်ပုံနဲ့ 

Circuit breaker ခွဲခြားသတ်မှတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။ DC C.B တွေကို ဆက်လက်ရှင်းပြပေးသွားပါမယ်။Aung Thu

https://atmgroupatm.blogspot.com/2021/08/blog-post_43.html

https://atmgroupatm.blogspot.com/2021/07/breaker-input.html

https://atmgroupatm.blogspot.com/2021/07/rccb-mcb-rcbo.html

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ

Pump Size တွက်နည်