အမေးများတာလေးတွေ ‌ဖြေပေးထားတာပါ🧾📝

 Breaker အကြောင်း အမေးများတာလေးတွေ

စုပြီးဖြေပေးထားတယ်။

မူရင်း ရေးသားသူ fb သို့ သွားမည်








အမေး✓ 

MCB Breaker ရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလဲ။ 

အ‌ဖြေ✓

MCB(IEC60898) ရဲ့လုပ်ဆောင်ချက်ကတော့ရှော့ဖြစ်ရင် ပြုတ် + အမ်ပီယာ(A) ကျော်လွန် သုံးစွဲရင် ပြုတ် ပါတယ်ဗျ

*****************************************

အမေး✓ 

MCCB Breaker ရဲ့လုပ်ဆောင်ချက်ကရော ဘယ်လိုလဲ။ 

အ‌ဖြေ✓

MCCBကတော့ ရှော့ဖြစ်ရင် ပြုတ် + အမ်ပီယာ(A) ကျော်လွန် သုံးစွဲရင် ပြုတ် ပါတယ်။Earth fault ဖြစ်ရင်လည်း ပြုတ်ကျပါတယ်။

*****************************************

အမေး✓ 

RCCB Breaker ကရော ဘယ်မျိုးလည်း။ 

အ‌ဖြေ✓

RCCB (IEC61008)ဆိုတဲ့breaker ကတော့

 ဓါတ်လိုက်ရင် ပြုတ်ပါတယ်။

*****************************************

အမေး✓ 

RCBO Breaker ဆိုတာ ဘယ်လိုအမျိုးစားလည်း။

အ‌ဖြေ✓

RCBOကို (IEC61009) ရဲ့လုပ်ဆောင်ချက်ကတော့MCB + RCCBကို ပေါင်းပြီး ထုတ်လုပ်ထားဝာမို့ ရှော့ဖြစ်ရင် ပြုတ် + အမ်ပီယာ(A) ကျော်လွန် သုံးစွဲရင်+ ဓါတ်လိုက်ရင် ပြုတ် ပါတယ်။

*****************************************

 

မေး✓

Breaker တစ်ခုဝယ်မယ်ဆိုဘာကို အဓိကထားပြီး ဝယ်ရမလည်း။

‌ဖြေ✓

Breaker တစ်ခုဝယ်မယ်ဆိုရင် ကိုသုံးမယ့် loadရဲ့ (A) ကို အရင်သိဖို့လိုပါမယ်။ loadရဲ့ A သိရင် ဝယ်လို့ရပြီ တပ်လို့ရပြီလို့ မထင်သေးပါနဲ့။

Aသိရင် B, Cနဲ့ Dကို ရွေးချယ်ရပါမယ်။

မရွေးချယ်ပဲ ကောက်တပ်လိုက်မယ်ဆို Ampere တူသည့်တိုင် Safe မဖြစ်နိုင်ပါဘူး။

*******************************************

မေး✓

Aသိရင် B,C,D ကို ဘယ်လိုသက်မှတ်ပြီး ရွေးရမလည်း။ ဘာကြောင့် အဲတာတွေ ရွေးရတာလည်း။

ဖြေ✓

တကယ်တော့ B,C,D ဆိုတာ breaker type တွေပါ။ 

Load side စသုံးတဲ့ အချိန်တွေမှာ current ကွာခြားမှုတွေ ဖြစ်စေပါတယ်။များသောအားဖြင့် မြင်သာအောင်ပြောရရင် မော်တာတွေလိုမျိုးပေါ့။Breaker ရဲ့ သတ်မှတ်ထားတဲ့ အမ်ပီယာ(A) ထက် Overload ကျော်လွန် သုံးစွဲရင် ပြုတ်ကျရဖို့ သတ်မှတ်ထားကြတာပါ။

ဘယ်လိုသတ်မှတ်ထားလည်းဆိုရင် 

B type က အမ်ပီယာ 3ဆ 5ဆ ကျော်ရင် ပြုတ်ပါတယ်။

C type က 5ဆ 10ဆ ကျော်ရင် ပြုတ်ပါတယ်။ D type က 10ဆ 20ဆ ကျော်ရင် ပြုတ်ပါတယ်။


⚡B type ကတော့ starting load ကြောင့် current များများစားစားမပြောင်းလဲတဲ့ မီးသီးတွေ မီးချောင်းတွေနဲ့ လေပန်ကာတွေမှာသုံးနိုင်ပါတယ်

 ⚡C type ကိုတော့ မော်တာတွေ၊ ရေခဲသေတ္တာတွေမှာ သုံးသင့်ပါတယ်။ 

⚡D type ကတော့ လူနေအိမိတွေမှာ သုံးလေ့သုံးထမရှိပါဘူး။ စက်ရုံ အလုပ်ရုံတွေမှာတွေ့ တွေ့မြင်နိုင်တယ်။ Starting load ကြီးတဲ့ လုပ်ငန်းသုံး မော်တာတွေ၊ ဝန်ချီစက်တွေမှာ သုံးကြပါတယ်။

*******************************************

မေး✓

Breaker‌တွေကို မပေါ်ဝင်ရမလား အောက်က ဝင်ရမလား။

ဖြေ✓

https://m.facebook.com/story.php?story_fbid=163471628726293&id=100051903691596


https://m.facebook.com/story.php?story_fbid=162403408833115&id=100051903691596

*******************************************

မေး✓

2 pole breaker တွေမှာ N , L ကို ဘယ်ထည့်ရမလည်း။ ဘယ်လိုထည့်ထည့် ရလား။

ဖြေ✓

ဘယ်လိုထည့်ထည့် မရပါဘူး။

N, L မှားထည့်ရင် breaker အလုပ်မလုပ်ပါဘူး။

များသောအားဖြင့် N, L ထည့်ဖို့ အမှတ်သားပေးပြီးသားပါ။ အမှတ်သား မပါရှိရင် မျက်နာချင်ဆိုင် ဘယ်ဘက်မှာ L ထည့်ပြီး ညာဘက်မှာ Nထည့်ရမယ်လို့ အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။

*******************************************

မေး✓

Breaker တွေမှာ မြင်တွေ့ရတတ်တဲ့ mA ဆိုတာကရော ဘာလည်းဗျ။

ဖြေ✓

mA (milli Ampere) ဆိုတာ - ဓာတ်လိုက်ရင် breaker ပြုတ်ကျဖို့ သတ်မှတ်ပေးထားတဲ့ လျှပ်စီး current ပမာဏပါ။

RCCB နဲ့ RCBO တွေမှာပဲ ပါပါတယ်။ 

အိမ်သုံးဆို 30mA(0.03A) သုံးရပါတယ်။ စက်ရုံအလုပ်ရံု‌ေတွမှာဆိုရင်‌ေတာ့ 100mA, 300mA သုံးကြတာများပါတယ်။

******************************************

မေး✓

Gp တွေထဲမှာ breaker လည်းပါ၊Fuse (ဖျု့စ်)လည်းသုံးထားတဲ့ ဘုတ်ခုံ‌ေတွကို တွေ့နေရပါတယ်။ safe ဖြစ်ဖို့ တပ်ဖို့လိုလားဗျ။

ဖြေ✓

ပြောရရင် breakerကို ပစ္စည်းကောင်းတာ သုံးထားရင် Fuse ဖျူစ့် သုံးစရာ မလိုတော့ပါဘူး။

ဒါပေမဲ့ breaker ကို သေချာတွတ်ချက်ပြီး မသုံးထားရင်၊ Type အရွေးမှားရင်

 ဘယ်လောက်‌ေကာင်းတဲ့ breaker သုံးသုံး 

Safe မဖြစ်ပါဘူး။

*******************************************

#AungThuMyo

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ

Pump Size တွက်နည်