Pump Size တွက်နည်

 

ရေတင်ဖို့အတွက် ဘယ်လို Pump အမျိုးအစားသုံးမှရမယ် ဘယ်လိုတွက်ရမလဲ။ လိုအပ်နေသူတွေအတွက် တွတ်ချက်နည်းလေးမျှဝေလိုပါတယ်.။

Admin Facebook သို့ Join ရန်နှိပ်ပါ







ATM Engineering Group 🛠️

Pump Size တွက်နည်း

Pump size တွက်ချင်ရင် အရင်ဆုံး flow rate ကို အရင်ရှာရမယ် flow rate သိဖို့ over head tank size သိဖို့လိုမယ် over head tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေဖြည့်ချင်တာလဲသိဖို့လိုမယ် ဒါကြောင့် ကိုယ့်တွက်မယ့် ဆ/ဦ ရဲ့ ground tank size ကိုအရင်ရှာမယ်
e.g 2U 4 S အတွက်ဆို 1unit မှာ လူ (၅) ယောက်နေမယ် လူတစ်ယောက်က တစ်နေ့ကို gal 40 သုံးမယ်
2U4S ဆိုတော့ အားလုံး (၈)ခန်းရှိမယျ GT size တွက်ချင်ရင် (၂)ရက်စာ ထားတွက်ရမယ်
2U4Sအတွက် တစ်နေ့တာရေလိုအပ်ချက်ပမာဏ= 8ခန်း* 5ယောက်* 40 Gal = 1600 gal /day ရမယ်
GT size က (၂) ရက်အတွက်ဆိုတော့ 1600 * 2= 3200 Gal ဖြစ်သွားမယ်
OH tank size က တစ်နေ့တာရေလိုအပ်ချက် ပမာဏရဲ့ 50% ပဲရှိရမယ်ဆိုတော့ = 1600 gal/2= 800 Gal OH tank size ရမယ်
OH tank size ရပြီဆို အဲ့ tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေတင်ချင်တာလဲဆိုတဲ့ flow rate ကိုတွက်ရမယ်
e.g 800 Gal OH tank ကို 15 မိနစ်နဲ့ရေတင်ချင်ရင်
15 minute = 800 gal
1 minute   = ?
                    = 800* 1/15
   1. flow rate= 53.33 gal/min ရမယ်
2. head ရှာချင်ရင် ရေတင်ရမယ့် pump to OH tank ရဲ့ အမြင့်ပေကိုသိရမယ်
ရေတင်ရမယ့် အလျားလိုက် pipe length ကြောင့် ဆုံးရှုံးမယ့် friction losses တွေအားလုံးအပါတွက်ရမှာမို့ Head တန်ဖိုးက ဆ/ဦ ရဲ့အမြင့်ပေ ကို  losses အတွက် (40%) ထပ်ပေါင်းပေးလိုက်ရင် ရေတင်ရမယ့် head တန်ဖိုးရမယ်
head = 4ထပ်တစ်ထပ်ကို 10' ထားတွက်မယ်ဆိုတော့ 40' ရမယ် အဲ့ဒါကို (40%) ထပ်ပေါင်းတော့
total head = 56' ရတယ်
3. Ep = efficiency pump power ကို 60% ထားတွက်မယ်
4. Em = Efficiency motor power ကို 80% ထားတွက်မယ်
ဒီ4 ချက်သိပြီဆို pump size တွက်လို့ရပြီ
pump size = (flow rate *  Head)/(33000* Ep* Em)
flow rate ရဲ့ ယူနစ်က lb/min ဆိုတော့
ရေ 1gal  =10 Lb 
      53.33 gal=?
                         = (10* 53.33) lb/min ရမယ်
pump size = (53.33*10)* 56/33000* 0.6*0.8
                     = 1.88 Hp~ 2Hp ရမယ်
ဒီနည်းအတိုင်းပဲ အခြား ဆ/ဦ တွေရဲ့ pump size ကို ရှာနိုင်တယ်

#credit

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ