Posts

 MCB( Miniature Circuit Breaker )ဆိုသည်မှာ ⚡✨⚡✨⚡✨⚡✨⚡✨⚡✨⚡✨ ရေးသားသူ FB သို့ သွားမည် ပထမဆုံး  MCB ဆိုတဲ့ အမျိုးစားကို Over Current တစ်ခုတည်းသာ ကာကွယ်ပေးနိုင်တဲ့ အမျိုးစားလို့ အလွယ်မှတ်ယူထားလို့ရပါတယ်။ Over Current ဘယ်လိုတွေ ဖြစ်တာလဲ? *Over load သုံးစွဲရင်လည်း Over Current ဖြစ်သလို *Short  ဖြစ်ရင်လည်း Over Current  ဖြစ်ပါတယ်။ Over load ဆိုတာကတော့ မိမိတပ်ဆင်ထားတဲ့ breaker ရဲ့ အမ်ပီယာထက် ပိုပြီး ဆုံးစွဲရင် Over load ဖြစ်စေပါတယ်။ Short ဆိုတာရော ဘယ်လိုအခြေနေမျိုးလဲဆိုတော့ Line နဲ့ Neutral နဲ့ ပူးနေရင် ထိနေရင် ဖြစ်ပါတယ်။ 3∅မှာဆိုရင် Line to Line ဖြစ်ဖြစ် line to neutral ဖြစ်ဖြစ် ထိရင်လည်း ဖြစ်ပါတယ်။ MCBတွေကို single ∅ အတွတ် 1pole, 2poleနဲ့ 3∅ အတွတ် 3pope, 4pole ဆိုပြီး ထုတ်လုပ်ပေးထားပါတယ်။ - MCBတွေဟာ 100Ampereအောက်မှာသာရှိပါတယ်။ - MCBတွေကို Standard Code - IEC 60947-2 နဲ့ခွဲခြားသိနိုင်ပါတယ်။ နောက်ပြီး MCB တွေမှာလည်း အမ်ပီယာ (A)ကို B,C,D ဆိုပြီး Curve type ၃မျိုး ရှိပါတယ်။ ဒါကြောင့် လျှပ်စစ် လုပ်သားအချင်းချင်း ABCD  တတ်လို့လား၊ သိလို့လားဆိုပြီး အချင်းချင်း စနှောက်ပြောဆိ...

ဆိုလာစနှစ် လမ်းညွှန်

Image
ဆိုလာစနစ် PDF file , ဒေါင်းရန်  Aung Thu Myo (Uploader)  နှိပ်ပါ Aung Thu Myo FACEBOOK  သို့ JOIN ရန်

The war of AC & DC

Image
 မင်္ဂလာပါ ခင်ဗျာ... 🙏🙏🙏 လျှပ်စစ်နဲ့ ပါတ်သက်တဲ့ ဗဟုသုတနဲ့ ပညာဒါနပို့စ်လေးတွေ မရေးဖြစ်တာ တစ်နှစ်တောင် ကျော်လာခဲ့ပီ့ပေါ့။ ခုပြန်ရေးဖို့ စိတ်ကူးလိုက်တော့ ဘယ်အကြောင်းရာကို ခေါင်းစဉ်တည်ရမလည်းလို့ စဉ်းစားရပြန်ရော။    Admin Facebook Join ရန် နှိပ်ပါ ⚡ ခုလောလောဆယ်တော့ လျှပ်စစ်ပစ္စည်း components တွေအကြောင်းမပြောခင် လျှပ်စစ်နဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေပဲ ပြေပြပေးသွားပါ့မယ်။ ⚡ လျှပ်စစ် အကြောင်းကို တကယ်စိတ်ဝင်စားတဲ့သူတိုင်း Edison နဲ့ Tesla တို့ရဲ့ အကြောင်းလေးကို သိထားသင့်တယ်ထင်လို့ လေ့လာဖူးသလောက် ပြန်ပြောပြပါ့မယ်။ ‍‍👨‍🦳Edison  ⚡ Edison ရဲ့ နာမည် အပြည့်အစုံကတော့ Thomas Alva Edison ဖြစ်ပါတယ်။ Edison ကို ၁၁ရက် ဖေဖော်ဝါရီလ ၁၈၄၇ခုနှစ် Milan, Ohio, United States မှာ မွေးဖွားခဲ့ပြီး ၁၈ရက် အောက်တိုဘာလ ၁၉၃၁ခုနှစ်မှာတော့ West Orange, New Jersey, United States မှာ ကွယ်လွန်ခဲ့ပါတယ်။ 👨‍🦳Edison ဟာ ဘက်ထရီ (Battery) သို့မဟုတ် လောင်စာဆဲလ် (Fuel cell) ကဲ့သို့ လမ်းကြောင်းတစ်ခုတည်းကို အဆက်မပြတ်စီးဆင်းနေသည့် တိုက်ရိုက်လျှပ်စီးကြောင်းကို တီထွင်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား အစောပိုင်းနှစ်များမှာတော့...

MCCB နှင့် MCB ဘယ်လိုကွာခြားလည်

Image
MCCB နှင့် MCB ဘယ်လိုကွာခြားလည်းဆိုပြီး ညီငယ်လေးတစ်ယောက် မေးလာလို့ ဒီpost လေး ရေးဖြစ်သွားတယ်။  Admin Facebook သို့ join ရန် MCCB နှင့် MCB နှစ်မျိုးလုံးရဲ့ အဓိပ္ပါယ် အလုံးစုံကိုတော့ သိပြီးကြပြီလို့ ထင်ပါတယ်။ သတိမထားမိသေးတဲ့ ညီငယ်၊ ညီမငယ်တွေလည်း ခုတစ်ခါတည်း စိတ်ထဲ မှတ်သားထားလိုက်ဖို့ ပြောချင်ပါတယ်။ MCB ဆိုတာ Miniature Circuit Breaker ဖြစ်ပြီး MCCB ဆိုတာကတော့  Moulded Case Circuit Breaker ဆိုပြီး ဖြစ်ပါတယ်။ မည်သည့် Circuit Breaker မဆို လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးတဲ့ ပစ္စည်းအမျိုးစားတွေပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ breaker အမျိုးစားပေါ်မူတည်ပြီး လုပ်‌ေဆာင်ချက်တွေ ကွဲပြားသွားကြပါတယ်။ ဒီpost မှာတော့ MCB နဲ့ MCCB type ကိုသာ နှိုင်းယှဉ်ပါ့မယ်။ELCB, RCCBတို့ RCBO တို့ စသည့် breaker တွေ အကြောင်းတော့ ထည့်သွင်း မပြောပြတော့ပါဘူး။ သီးသန့် post တစ်ခုမှာ ရှင်းပြပြီးဖြစ်လို့ပါ။ link ချပေးခဲ့ပါမယ်။ ယေဘူယျအားဖြင့် MCBတွေဟာ  အများဆုံး 100A အထိပဲ သတ်မှတ်ပေးထားပါတယ်။ နောက်ပြီး  MCB type တွေမှာ trip ကို ချိန်ညှိလို့မရပါဘူး။  MCB နဲ့ MCCB ရဲ့ ကွာခြားချက်ကတော့   ကတော့ MCCB type...

အဲကွန်းတပ်ဆင်ရာတွင်

Image
လွဲလို့ကောင်းနေဆဲ မြန်မာပြည်က ဉာဏ်ကြီးရှင် ဆောက်လုပ်ရေးသမားများ ရေးသားသူ,*ထွန်းထွန်း(သတ္တုတွင်း) Admin Facebookသို့ join ရန် လွဲလို့ကောင်းနေဆဲ မြန်မာပြည်က ဉာဏ်ကြီးရှင် ဆောက်လုပ်ရေးသမားများ.. ကိုခင်မောင်လွင်က ဓါတ်ပုံနစ်ပုံတင်ပြီး.. ဒီလိုလေးရေးထားတယ်..”Aircon Outdoor Unit တွေ ဒီလိုတပ်ထားတော့ ဘယ်လိုမြန်း service လုပ်ကြမလဲ စိတ်ဝင်စားမိတယ်”။ ကျွန်တော် ၂၀၁၉ ခုနှစ် ဧပြီလထဲမှာ စင်္ကာပူ ခဏသွားတယ် Air Con Outdoor Unit ထားပုံကိုစိတ်ဝင်စားလို့ လေ့လာခဲ့တော့ စနစ်အဟောင်း နဲ့စနစ်အသစ်ဆိုပြီး အကြမ်းနှစ်မျိုးတွေ့တယ်။ အဟောင်း/အသစ်ဆိုတာ ကျွန်တော်အမည်ပေးတာပါ။ အဟောင်းက နှစ်ကြာပြီးသားတိုက်ခန်းတွေမှာ တတ်တာပါ ။အခု ပုံမှာမြင်ရတဲ့အတိုင်းတတ်ထားတာပါ။ ဒီလိုတတ်တယ်ဆိုလို့မြန်မာပြည်လို နံရံက အပိတ်မဟုတ်ပါဘူး။ Air con Outdoor Unit တတ်ထားတဲ့နေရာက အုတ်နံရံက အပေါက်ဖေါက်ထားပါတယ် ပြီးမှ အထပ်သားလိုအကာနဲ့အိမ်အတွင်းက ပိတ်ထားပါတယ်။ ပြုပြင်ထိန်းသိမ်းမှုလုပ်ချင်ရင် အဲဒီအကာကိုခွာ ပြီး Aircon Outdoor Unit ကိုအိမ်အတွင်းထဲ ဆွဲယူပြီးပြင်ရပါတယ်။ အသစ်မှာကျတော့ Outdoor Unit တွေထားဖို့ ပြင်တဲ့လူအလုပ်လုပ်ဖို့ နေရာပါပါတယ်။ အခုနောက်ဆုံးဆောက်တဲ...

Carbon Brushes ( ကာဗွန်ဘရပ် များ )

Image
 Carbon Brushes ( ကာဗွန်ဘရပ် များ ) Admin Facebook သို့ Join ရန် ---------------------------------------------- Carbon Brush များကို လည်နေသောစက်ပစ္စည်းများတွင် လျှပ်စစ် ဖြတ်စီးစေရန် ကြားခံ အသုံးပြုကြပါတယ်။အများစုကတော့ မော်တာများ ဂျင်နရေတာများမှာပါရှိတဲ့ Commutator တွေ Slip Ring တွေမှာ လျှပ်စစ်ဖြတ်စီးဖို့ ထိစပ် အသုံးပြုကြပါတယ်။ ကာဗွန်ဘရပ်များ ပုံမှန် ကောင်းမွန်စွာ အလုပ် လုပ်ဆောင်နိုင်ဖို့ရန် အလွန် အရေးကြီးပါတယ်။သို့မဟုတ်လျှင် ကာဗွန်ဘရပ်နှင့် တွဲဆက်အသုံးပြုသည့် စက်ပစ္စည်းကိုထိခိုက်စေနိုင်ပါတယ်။ထို့ကြောင့်  ကာဗွန်ဘရပ်နှင့် မောင်းနှင်သည့် စက်များ ကောင်းမွန်စွာ ရှိနေစေရန် အတွက်  • အသုံးပြုသောစက်၏ Slip Ring (သို့) Commutator တို့၏ ကောင်းမွန်မှု • ကာဗွန် ၊ Slip Ring နှင့် Commutator တို့၏ ပွတ်အား (ပွတ်အားများလျှင် ကာဗွန်ဘရပ်    ပွန်းပဲ့လွယ် ) • စက်၏ တုန်ခါမှု • ကာဗွန်တုံး အား Slip Ring နှင့် Commutator တို့နှင့် ထိနေစေရန်          စပရိန်ဖြင့် ဖိထားရသောအား • ကာဗွန်တုံး အထိုင်များ စသည့် အချက်များကို ဂရုစိုက်ရမှာဖြစ်သလို ကောင်းမွန်နေစေဖို့လည်...

Pump Size တွက်နည်

Image
  ရေတင်ဖို့အတွက် ဘယ်လို Pump အမျိုးအစားသုံးမှရမယ် ဘယ်လိုတွက်ရမလဲ။ လိုအပ်နေသူတွေအတွက် တွတ်ချက်နည်းလေးမျှဝေလိုပါတယ်.။ Admin Facebook သို့ Join ရန်နှိပ်ပါ A TM Engineering Group 🛠️ Pump Size တွက်နည်း Pump size တွက်ချင်ရင် အရင်ဆုံး flow rate ကို အရင်ရှာရမယ် flow rate သိဖို့ over head tank size သိဖို့လိုမယ် over head tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေဖြည့်ချင်တာလဲသိဖို့လိုမယ် ဒါကြောင့် ကိုယ့်တွက်မယ့် ဆ/ဦ ရဲ့ ground tank size ကိုအရင်ရှာမယ် e.g 2U 4 S အတွက်ဆို 1unit မှာ လူ (၅) ယောက်နေမယ် လူတစ်ယောက်က တစ်နေ့ကို gal 40 သုံးမယ် 2U4S ဆိုတော့ အားလုံး (၈)ခန်းရှိမယျ GT size တွက်ချင်ရင် (၂)ရက်စာ ထားတွက်ရမယ် 2U4Sအတွက် တစ်နေ့တာရေလိုအပ်ချက်ပမာဏ= 8ခန်း* 5ယောက်* 40 Gal = 1600 gal /day ရမယ် GT size က (၂) ရက်အတွက်ဆိုတော့ 1600 * 2= 3200 Gal ဖြစ်သွားမယ် OH tank size က တစ်နေ့တာရေလိုအပ်ချက် ပမာဏရဲ့ 50% ပဲရှိရမယ်ဆိုတော့ = 1600 gal/2= 800 Gal OH tank size ရမယ် OH tank size ရပြီဆို အဲ့ tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေတင်ချင်တာလဲဆိုတဲ့ flow rate ကိုတွက်ရမယ် e.g 800 Gal OH tank ကို 15 မိနစ်နဲ့ရေတင်ချင်ရင် 15 m...