The war of AC & DC

 မင်္ဂလာပါ ခင်ဗျာ... 🙏🙏🙏

လျှပ်စစ်နဲ့ ပါတ်သက်တဲ့ ဗဟုသုတနဲ့ ပညာဒါနပို့စ်လေးတွေ မရေးဖြစ်တာ တစ်နှစ်တောင် ကျော်လာခဲ့ပီ့ပေါ့။ ခုပြန်ရေးဖို့ စိတ်ကူးလိုက်တော့ ဘယ်အကြောင်းရာကို ခေါင်းစဉ်တည်ရမလည်းလို့ စဉ်းစားရပြန်ရော။

  Admin Facebook Join ရန် နှိပ်ပါ

⚡ ခုလောလောဆယ်တော့ လျှပ်စစ်ပစ္စည်း components တွေအကြောင်းမပြောခင် လျှပ်စစ်နဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေပဲ ပြေပြပေးသွားပါ့မယ်။

⚡ လျှပ်စစ် အကြောင်းကို တကယ်စိတ်ဝင်စားတဲ့သူတိုင်း Edison နဲ့ Tesla တို့ရဲ့ အကြောင်းလေးကို သိထားသင့်တယ်ထင်လို့ လေ့လာဖူးသလောက် ပြန်ပြောပြပါ့မယ်။


‍‍👨‍🦳Edison 

⚡ Edison ရဲ့ နာမည် အပြည့်အစုံကတော့ Thomas Alva Edison ဖြစ်ပါတယ်။ Edison ကို ၁၁ရက် ဖေဖော်ဝါရီလ ၁၈၄၇ခုနှစ် Milan, Ohio, United States မှာ မွေးဖွားခဲ့ပြီး ၁၈ရက် အောက်တိုဘာလ ၁၉၃၁ခုနှစ်မှာတော့ West Orange, New Jersey, United States မှာ ကွယ်လွန်ခဲ့ပါတယ်။


👨‍🦳Edison ဟာ ဘက်ထရီ (Battery) သို့မဟုတ် လောင်စာဆဲလ် (Fuel cell) ကဲ့သို့ လမ်းကြောင်းတစ်ခုတည်းကို အဆက်မပြတ်စီးဆင်းနေသည့် တိုက်ရိုက်လျှပ်စီးကြောင်းကို တီထွင်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား အစောပိုင်းနှစ်များမှာတော့ တိုက်ရိုက်လျှပ်စီးကြောင်း (Direct Current - DC) သည် U.S. ရဲ့ စံနှုန်းအဖြစ် ရှိခဲ့ပါတယ်။ ဒါပေမယ့် Edison မှာ ပြဿနာတစ်ခုရှိခဲ့ပါတယ်။ အဲ့တာက တိုက်ရိုက်လျှပ်စီးကြောင်း (DC) ဟာ ဗို့အား အနိမ့်/အမြင့် (Higher or Lower Voltage) ကို အလွယ်တကူ ပြောင်းလဲလို့မရတာကြောင့် ဖြစ်ပါတယ်။


👨‍🦳Edison ကလည်း သူ့ရဲ့ ဂုဏ်သိက္ခာ နဲ့ မူပိုင်ခွင့်ကို မဆုံးရှုံးချင်တဲ့အတွက် Alternating Current ကိုအသိမှတ်မပြုကြဖို့ လှုပ်ရှားမှု (Campaign) တစ်ခုကို စတင်ခဲ့ပါတယ်။ Edison က Alternating Current ဟာ အလွန်အန္တရာယ်ရှိ်ကြောင်း သတင်းတွေ ဖြန့်ဝေခဲ့ပါတယ်။ ဘယ်လောက်ထိတောင် လုပ်ပြခဲ့လဲဆိုတော့ Alternating Current ကို အသုံးပြုကာ သက်ရှိသတ္တဝါဖြစ်တဲ့ stray animals လေးတွေနဲ့ စမ်းသပ်ပြကာ ပြည်သူလူထုကို သူပြောတာမှန်ကြောင်း သက်သေပြခဲ့ပါတယ်။


👨‍🦱Tesla

⚡ Tesla ရဲ့ နာမည် အပြည့်အစုံကတော့ Nikola Tesla ဖြစ်ပါတယ်။ Tesla ကို ၉/၁၀ရက် ဇူလိုင်လ ၁၈၅၆ခုနှစ် Smiljan, Austrian Empire (ယခုအခေါ်ကတော့ Croatia ပါ) မှာ မွေးဖွားခဲ့ပါတယ်။ ၇ရက် ဇန္နဝါရီလ ၁၉၄၃ခုနှစ်မှာတော့ The New Yorker Hotel, New York, United States မှာ ကွယ်လွန်ခဲ့ပါတယ်။


👨‍🦱Tesla ကတော့ တစ်လှည့်စီပြောင်းလဲနိုင်သော လျှပ်စီးကြောင်း (Alternating Current - AC) သည် Edison ရဲ့ပြဿနာအတွက် ဖြေရှင်းချက်တစ်ခု ဖြစ်တယ်ဆိုတာကို ယုံကြည်ခဲ့ပါတယ်။ လျှပ်စီးကြောင်းသည် တစ်စက္ကန့်လျှင် ၆၀ကြိမ်နှုန်း (60Hz) ဖြင့် လမ်းကြောင်းပြောင်းနိုင်ပြီး Transformer ကို အသုံးပြုကာ ဗို့အား အနိမ့်/အမြင့် ကို အလွယ်တကူ ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။

⚡ ⚡ ⚡ ⚡ ⚡ ⚡ ⚡ ⚡ ⚡ ⚡ ⚡ ⚡ 


⚡၁၈၈၀ခုနှစ်နောက်ပိုင်းမှ စတင်ပြီးတော့ Edison နဲ့ Tesla တို့ဟာ လျှပ်စီးကြောင်းစစ်ပွဲ (The War of Currents) လို့လူသိများခဲ့တဲ့ စစ်ပွဲတစ်ခုကို စတင်ခဲ့ကြပါတယ်။


⚡၁၈၉၃ခုနှစ်မှာ Worlds Columbian Exposition လို့လူသိများတဲ့ Chicago Worlds Fair ကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီအချိန်မှာလဲ Current War က တော်တော်လေး အရှိန်မြင့်နေပြီပဲဖြစ်ပါတယ်။

⚡ General Electric က Edison ရဲ့ Direct Current ကိုအသုံးပြုပြီး ပွဲတော် (Chicago Worlds Fair) ကို မီးအားပေးမယ်ဆိုရင် $554,000 ကုန်ကျမယ်လို့ ဈေးနှုန်းတင်သွင်းခဲ့ပါတယ်။ 

⚡ ဒါပေမယ့် George Westinghouse ကို ရှုံးနိမ့်ခဲ့ရပါတယ်။ သူ (George) က Tesla ရဲ့ Alternating Current ကိုအသုံးပြုပြီး ပြပွဲကို မီးအားပေးဖို့ $399,000 ပဲကုန်ကျမယ်လို့ ပြောခဲ့လို့ပါ။

⚡ ထိုနှစ်မှာပဲ Niagara Falls Power Company က Tesla ရဲ့ polyphase AC induction motor မူပိုင်ခွင့်ရထားသော Westinghouse အား နိုင်အာဂရာရေတံခွန် (Niagara Falls) မှ ပါဝါထုတ်လုပ်ဖို့ စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ပါတယ်။

⚡ အချို့က နိုင်အာဂရာရေတံခွန်မှ New York ရဲ့ Buffalo တစ်ခုလုံးကိုသာ စွမ်းအားပေးနိုင်ကြောင်း သံသယရှိသော်လည်း Tesla ကတော့ Buffalo သာမက Eastern United တစ်ခုလုံးကိုပါ စွမ်းအားပေးနိုင်ကြောင်း ယုံကြည်ခဲ့ပါတယ်။

⚡၁၈၉၆ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့မှာတော့ နိုင်အာဂရာရေတံခွန်မှ Alternating Current ဖြင့် Buffalo က မီးစတင်ထွန်းနိုင်ခဲ့ပါတယ်။

⚡ထိုအချိန်တွင် General Electric ကလည်း Alternating Current ကိုအသုံးပြုရန် ဆုံးဖြတ်ခဲ့ပါတယ်။


❗️ဒါဟာ Alternating Current ကအနိုင်ရသွားပြီး Direct Current ကိုဖျက်စီးလိုက်နိုင်တယ်လို့မြင်ရပေမယ့် နောက်ပိုင်းနှစ်ကာလတွေမှာတော့ Direct Current ဟာအနည်းငယ် ပြန်လည်ခေတ်စားလာခဲ့ပါတယ်။


🌎 ယနေ့ခေတ်မှာတော့ ကျွန်ုပ်တို့ဟာ အဓိကအားဖြင့် Alternating Current ကို အားထားပြီး သုံးနေကြသော်လည်း Computers, LEDs, Solar Cells, Electric Vehicles အစရှိသော လျှပ်စစ်ပစ္စည်းများ အားလုံးသည် DC Power ဖြင့်အသုံးပြု လည်ပတ်နေကြတာပဲ ဖြစ်ပါတယ်။ ထို့အပြင် Direct Current ကိုလည်း ဗို့အား အနိမ့်/အမြင့် သို့ အလွယ်တကူ ပြောင်းလဲနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ Direct Current သည် ပိုမိုတည်ငြိမ်သောကြောင့် ကုမ္ပဏီများကလည်း ဗို့အားမြင့်မားသော တိုက်ရိုက်လျှပ်စီးကြောင်း (High Voltage Direct Current - HVDC) ကို အသုံးပြု၍ လျှပ်စစ်ဆုံးရှုံးမှုနည်းပြီး အကွာအဝေးများများသို့ လျှပ်စစ်ဓာတ်အား သယ်ယူပို့ဆောင်နိုင်ရန် နည်းလမ်းများကို ရှာဖွေနေကြတာပဲ ဖြစ်ပါတယ်။

⚡ဒါကြောင့် ``The war of currents´´ က မပြီးသေးဘူးလို့ ပြောရမှာပါပဲ။ သို့သော် AC နှင့် DC စစ်ပွဲကတော့ ဆက်လက် အရှိန်ပြင်း ယှဉ်ပြိုင်နေမည့်အစား ရေစီးကြောင်းနှစ်ခု ပေါင်းစပ်ပြီး တစ်ခုနှင့်တစ်ခု ယှဉ်တွဲကာ အလုပ်လုပ်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။


✔သေချာတာတစ်ခုကတော့ Thomas Alva Edison နဲ့ Nikola Tesla တို့လို ပါရမီရှင်တွေသာ ရှိမလာခဲ့ရင် ကျွန်တော်တို့အနေနဲ့လည်း လျှပ်စစ်ဆိုတာကို အသုံးပြုနိုင်မှာ မဟုတ်ကြောင်း ပြောရင်းနဲ့ ဒီနေရာလေးမှာ နိဂုံးချုပ်ချင်ပါတယ်။


လျှပ်စစ်နဲ့ပတ်သတ်တဲ့ အကြောင်းတွေ apk လေးကတဆင့် အမြဲဖတ်ချင်သူတွေအတွတ် ဒီမှာ ဒေါင်းပြီး ဖတ်နိုင်ပါတယ်။ Pdf fileတွေလည်း တင်ပေးထားပါတယ်။

https://www.mediafire.com/download/x1zgokf6egvndyo


Or

https://mobidrive.com/sharelink/u/70hTGcg3wwRg8ZD0xnlL6p3boTQYVkVSFRYhPoF6hWg5


⚡ ယခု Post တွင်ရေးသားထားသော အချက်အလက်များအတွတ် မြန်မာစာဖြင့် မူရင်းရေးသားသူးအားလုံးနှင့် ကျေးဇူးတင်ထိုက်သူအားလုံး ကျေးဇူးတင်ရှိပါသည်။


ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။


👨‍🔧👨‍🔧👨‍🔧 မိတ်ဆွေတို့အနေနဲ့  လိုအပ်တာလေးတွေ၊ အကြံပေးချင်တာလေးတွေရှိရင်လဲ Comment မှာ ရေးသွားပေးကြပါဦးနော်... ဗဟုသုတ တစ်စုံတစ်ရာ ရခဲ့ရင်လဲ Like and Share လုပ်ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ...



Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ