အဲကွန်းတပ်ဆင်ရာတွင်
လွဲလို့ကောင်းနေဆဲ မြန်မာပြည်က ဉာဏ်ကြီးရှင် ဆောက်လုပ်ရေးသမားများ
ရေးသားသူ,*ထွန်းထွန်း(သတ္တုတွင်း)
လွဲလို့ကောင်းနေဆဲ မြန်မာပြည်က ဉာဏ်ကြီးရှင် ဆောက်လုပ်ရေးသမားများ..
ကိုခင်မောင်လွင်က ဓါတ်ပုံနစ်ပုံတင်ပြီး.. ဒီလိုလေးရေးထားတယ်..”Aircon Outdoor Unit တွေ ဒီလိုတပ်ထားတော့ ဘယ်လိုမြန်း service လုပ်ကြမလဲ စိတ်ဝင်စားမိတယ်”။
ကျွန်တော် ၂၀၁၉ ခုနှစ် ဧပြီလထဲမှာ စင်္ကာပူ ခဏသွားတယ် Air Con Outdoor Unit ထားပုံကိုစိတ်ဝင်စားလို့ လေ့လာခဲ့တော့ စနစ်အဟောင်း နဲ့စနစ်အသစ်ဆိုပြီး အကြမ်းနှစ်မျိုးတွေ့တယ်။
အဟောင်း/အသစ်ဆိုတာ ကျွန်တော်အမည်ပေးတာပါ။ အဟောင်းက နှစ်ကြာပြီးသားတိုက်ခန်းတွေမှာ တတ်တာပါ ။အခု ပုံမှာမြင်ရတဲ့အတိုင်းတတ်ထားတာပါ။ ဒီလိုတတ်တယ်ဆိုလို့မြန်မာပြည်လို နံရံက အပိတ်မဟုတ်ပါဘူး။ Air con Outdoor Unit တတ်ထားတဲ့နေရာက အုတ်နံရံက အပေါက်ဖေါက်ထားပါတယ် ပြီးမှ အထပ်သားလိုအကာနဲ့အိမ်အတွင်းက ပိတ်ထားပါတယ်။
ပြုပြင်ထိန်းသိမ်းမှုလုပ်ချင်ရင် အဲဒီအကာကိုခွာ ပြီး Aircon Outdoor Unit ကိုအိမ်အတွင်းထဲ ဆွဲယူပြီးပြင်ရပါတယ်။ အသစ်မှာကျတော့ Outdoor Unit တွေထားဖို့ ပြင်တဲ့လူအလုပ်လုပ်ဖို့ နေရာပါပါတယ်။ အခုနောက်ဆုံးဆောက်တဲ့ တိုက်တွေမှာ ဝရံတာလို အကာအရံနဲ့ Outdoor Unit ထားဖို့နေရာသီးသန့်ထားရပါတယ်။ မပါရင်အဲဒီတိုက်ခန်းဆောက်တာခွင့်မပြုပါ။
ပုံ ၃ အတိုင်းပါ။
မြန်မာပြည်မှာ ဒါမျိုးထိန်းရကောင်းမှန်းမသိသေးပါ။ မြန်မာပြည်က Air Con Outdoor Unit ထားပုံနဲ့ စင်္ကာပူက Air Con Outdoor Unit ထားပုံ နှိုင်းယှဉ် ကြည့်နှိုင်အောင်တင်ပေးလိုက်ပါတယ်။ အဆောက်အဦ ဆောက်ဖို့ ဒီဇိုင်းဆွဲကတဲက Air Con Outdoor Unit ထားဖို့ တပါတည်းထည့် ဆွဲရပါတယ် မပါရင်ခွင့်မပြုပါ။
ပုံ ၄ ကတော့ စင်္ကပူက Air Con Outdoor Unit တတ်ထားပုံပါ။ Sir Con Outdoor Unit များအတွက် ဝရံတာလို လုပ်ပြီးသီးသန့် ထားရပါတယ်။ ပြင်ဆင်သူတွေ အတွက် ဘေးအန္တရာယ်ကင်းရှင်းစေဖို့တင်မကပဲ ပတ်ဝန်ကျင်အကို Air Con မှပစ္စည်းပြုတ်ကျတာက အစ ကာကွယ်ဖို့ဖြစ်ပါတယ်။
Safety First ပါ။ အထူးသဖြင့် Public Safety ကိုအထူးဂရုစိုက်ကြရပါတယ်။ မြန်မာပြည်မှာ Public Safety အကြောင်းပြောရင် ဒီလူဘာကြောင်သလဲ လို့မြင်တဲ့လူတွေ ၉၉% လောက်ဖြစ်နေပါတယ်။
ကျေးဇူးပါ ကိုခင်မောင်လွင်ရေ
ကျွန်တော့ ဓာတ်ပုံလေးတွေနဲ့တွဲကြည့်လို့ ရအောင် ခင်ဗျားပုံလေးနှစ်ပုံယူသုံးလိုက်ပြီဗျာ။
Aung Thu Myo
Comments
Post a Comment