MCB( Miniature Circuit Breaker )ဆိုသည်မှာ
⚡✨⚡✨⚡✨⚡✨⚡✨⚡✨⚡✨
ပထမဆုံး MCB ဆိုတဲ့ အမျိုးစားကို Over Current တစ်ခုတည်းသာ ကာကွယ်ပေးနိုင်တဲ့ အမျိုးစားလို့ အလွယ်မှတ်ယူထားလို့ရပါတယ်။
Over Current ဘယ်လိုတွေ ဖြစ်တာလဲ?
*Over load သုံးစွဲရင်လည်း Over Current ဖြစ်သလို
*Short ဖြစ်ရင်လည်း Over Current ဖြစ်ပါတယ်။
Over load ဆိုတာကတော့ မိမိတပ်ဆင်ထားတဲ့ breaker ရဲ့ အမ်ပီယာထက် ပိုပြီး ဆုံးစွဲရင် Over load ဖြစ်စေပါတယ်။
Short ဆိုတာရော ဘယ်လိုအခြေနေမျိုးလဲဆိုတော့
Line နဲ့ Neutral နဲ့ ပူးနေရင် ထိနေရင် ဖြစ်ပါတယ်။
3∅မှာဆိုရင် Line to Line ဖြစ်ဖြစ် line to neutral ဖြစ်ဖြစ် ထိရင်လည်း ဖြစ်ပါတယ်။
MCBတွေကို single ∅ အတွတ် 1pole, 2poleနဲ့
3∅ အတွတ် 3pope, 4pole ဆိုပြီး ထုတ်လုပ်ပေးထားပါတယ်။
- MCBတွေဟာ 100Ampereအောက်မှာသာရှိပါတယ်။
- MCBတွေကို Standard Code - IEC 60947-2 နဲ့ခွဲခြားသိနိုင်ပါတယ်။
နောက်ပြီး MCB တွေမှာလည်း အမ်ပီယာ (A)ကို B,C,D ဆိုပြီး Curve type ၃မျိုး ရှိပါတယ်။
ဒါကြောင့် လျှပ်စစ် လုပ်သားအချင်းချင်း ABCD တတ်လို့လား၊ သိလို့လားဆိုပြီး အချင်းချင်း စနှောက်ပြောဆိုနေကြတာ မကြာခဏ ကြားတွေ့ကြရပါတယ်။
တကယ်လည်း လျှပ်စစ်လုပ်သား တစ်ယောက်အနေနဲ့လည်း တတ်ထားသင့် သိထားသင့်တဲ့ အချက်တွေထဲမှာ ABCD လည်း ပါပါတယ်။
ABCDဆိုရာမှာ-
Aက အမ်ပီယာဆိုတာတော့ အားလုံးသိကြပြီးသားပါ။
B,C,D တွေက ဘာတွေလို့ထင်ပါသလဲ?
B,C,D တွေဆို typeခွဲထားကြတာပါ။
ဒီလိုဆို type တွေက ဘယ်လိုအခြေနေမှာ ဘယ်လိုနေရာတွေမှာ အသုံးပြုကြမလဲ?
သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ဘယ်လိုလည်းဆိုတာ.....
အသေးစိတ်ကိုတော့ အောက်က လင့်မှာ ရှင်းပြပေးထားပါတယ်။
👇👇👇👇
အမှားတစ်စုံတရာ ပါရှိပါက ကျနော်ရဲ့ လေ့လာမှု အားနည်းနေခြင်းအတွတ်ကြောင့်သာ ဖြစ်ပါသည်။
ဆရာအားလုံးကို ဂါဝရပြလျက်ပါ🙏🙏🙏
မေတ္တာဖြင့် 💕
#Aung Thu Myo (1.7.2021)
ATM Engineering Group
Comments
Post a Comment