MCCB နှင့် MCB ဘယ်လိုကွာခြားလည်
MCCB နှင့် MCB ဘယ်လိုကွာခြားလည်းဆိုပြီး ညီငယ်လေးတစ်ယောက် မေးလာလို့ ဒီpost လေး ရေးဖြစ်သွားတယ်။
MCCB နှင့် MCB နှစ်မျိုးလုံးရဲ့ အဓိပ္ပါယ် အလုံးစုံကိုတော့ သိပြီးကြပြီလို့ ထင်ပါတယ်။
သတိမထားမိသေးတဲ့ ညီငယ်၊ ညီမငယ်တွေလည်း ခုတစ်ခါတည်း စိတ်ထဲ မှတ်သားထားလိုက်ဖို့ ပြောချင်ပါတယ်။
MCB ဆိုတာ Miniature Circuit Breaker ဖြစ်ပြီး
MCCB ဆိုတာကတော့ Moulded Case Circuit Breaker ဆိုပြီး ဖြစ်ပါတယ်။
မည်သည့် Circuit Breaker မဆို လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးတဲ့ ပစ္စည်းအမျိုးစားတွေပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ breaker အမျိုးစားပေါ်မူတည်ပြီး လုပ်ေဆာင်ချက်တွေ ကွဲပြားသွားကြပါတယ်။
ဒီpost မှာတော့ MCB နဲ့ MCCB type ကိုသာ နှိုင်းယှဉ်ပါ့မယ်။ELCB, RCCBတို့ RCBO တို့ စသည့် breaker တွေ အကြောင်းတော့ ထည့်သွင်း မပြောပြတော့ပါဘူး။ သီးသန့် post တစ်ခုမှာ ရှင်းပြပြီးဖြစ်လို့ပါ။ link ချပေးခဲ့ပါမယ်။
ယေဘူယျအားဖြင့် MCBတွေဟာ အများဆုံး 100A အထိပဲ သတ်မှတ်ပေးထားပါတယ်။ နောက်ပြီး MCB type တွေမှာ trip ကို ချိန်ညှိလို့မရပါဘူး။
MCB နဲ့ MCCB ရဲ့ ကွာခြားချက်ကတော့ ကတော့ MCCB type တွေမှာ trip ကို ချိန်ညှိလို့ရပြီး 2500A အထိ အလုပ်လုပ်နိုင်တဲ့ အားသာချက် ရှိနေတဲ့ အချက်လို့ ပြောရမှာပါပဲ။ နောက်ပြီး MCB ကို ဗို့အားနည်းတဲ့ Low Energy systems သုံးစွဲတဲ့ နေရာမျိုးတွေမှာသာ (ဥပမာ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း)အသုံးများပါတယ်။ MCCB တွေကိုတော့ High Energy Systems သုံးစွဲတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ သုံးစွဲကြတာကို အများဆုံး တွေ့မြင်နိုင်ပါတယ်။
နောက်ထပ် အခြားသော breaker တွေအကြောင်း ဆက်လက်လေ့လာဖတ်ရှုချင်ရင်တော့ အောက်မှာ လင့်ချပေးထားပါတယ်။
ဖတ်ရှုပေးပါသော လျှပ်စစ်ဝါသနာရှင်အားလုံးကို ဗဟုသုတ တိုးပွားနိုင်ကြပါစေ
အမှားများပါရှိရင်လည်း သင်ဆရာ မြင်ဆရာအားလုံးနဲ့ မသက်ဆိုင်ပါဘူးဗျ။ ကျနော့ရဲ့ လေ့လာဖတ်ရှု သင်ယူနိုင်စွမ်း နည်းပါးမှုကြောင့်ဖြစ်ပါတယ်။ စီနီယာများ ဝင်ရောက် ထောက်ပြပေးသွားနိုင်ပါတယ်။
သိထား ဖတ်ထားသမျှတွေ အမြဲတမ်းမျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါအုံးခင်ဗျ။
26/12/202
Comments
Post a Comment