MCCB နှင့် MCB ဘယ်လိုကွာခြားလည်
MCCB နှင့် MCB ဘယ်လိုကွာခြားလည်းဆိုပြီး ညီငယ်လေးတစ်ယောက် မေးလာလို့ ဒီpost လေး ရေးဖြစ်သွားတယ်။ Admin Facebook သို့ join ရန် MCCB နှင့် MCB နှစ်မျိုးလုံးရဲ့ အဓိပ္ပါယ် အလုံးစုံကိုတော့ သိပြီးကြပြီလို့ ထင်ပါတယ်။ သတိမထားမိသေးတဲ့ ညီငယ်၊ ညီမငယ်တွေလည်း ခုတစ်ခါတည်း စိတ်ထဲ မှတ်သားထားလိုက်ဖို့ ပြောချင်ပါတယ်။ MCB ဆိုတာ Miniature Circuit Breaker ဖြစ်ပြီး MCCB ဆိုတာကတော့ Moulded Case Circuit Breaker ဆိုပြီး ဖြစ်ပါတယ်။ မည်သည့် Circuit Breaker မဆို လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးတဲ့ ပစ္စည်းအမျိုးစားတွေပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ breaker အမျိုးစားပေါ်မူတည်ပြီး လုပ်ေဆာင်ချက်တွေ ကွဲပြားသွားကြပါတယ်။ ဒီpost မှာတော့ MCB နဲ့ MCCB type ကိုသာ နှိုင်းယှဉ်ပါ့မယ်။ELCB, RCCBတို့ RCBO တို့ စသည့် breaker တွေ အကြောင်းတော့ ထည့်သွင်း မပြောပြတော့ပါဘူး။ သီးသန့် post တစ်ခုမှာ ရှင်းပြပြီးဖြစ်လို့ပါ။ link ချပေးခဲ့ပါမယ်။ ယေဘူယျအားဖြင့် MCBတွေဟာ အများဆုံး 100A အထိပဲ သတ်မှတ်ပေးထားပါတယ်။ နောက်ပြီး MCB type တွေမှာ trip ကို ချိန်ညှိလို့မရပါဘူး။ MCB နဲ့ MCCB ရဲ့ ကွာခြားချက်ကတော့ ကတော့ MCCB type...