လျှပ်စစ်လုပ်သား အမေးအဖြေ









Facebook သို့ join ရန်နှိပ်ပါ


 # **လျှပ်စစ်စစ်ဆေးရေးနှင့်ပတ်သက်သည့်မေးခွန်းများ**


***(မူရင်း စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနဝက်ဘ်ဆိုဒ်)***


**မေး။ လျှပ်စစ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် လျှပ်စစ်ကျွမ်းကျင်မှုမှတ်ပုံတင်လက်မှတ် လိုအပ်ပါသလား။**


ဖြေ။ လျှပ်စစ်ဥပဒေ (၂၀၁၄)၊ ပုဒ်မ ၄၆ အရ လျှပ်စစ်လုပ်ငန်းဆောင်ရွက်သူအားလုံး လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် လိုအပ်ပါသည်။


**မေး။ လျှပ်စစ်ကျွမ်းကျင်မှုမှတ်ပုံတင်လက်မှတ် အမျိုးအစားနှင့်အဆင့်များကို ဖော်ပြပါ။**


ဖြေ။ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် အမျိုးအစား(၃)မျိုး၊


အဆင့်(၃)ဆင့် ရှိပါသည်။


အမျိုးအစားများမှာ


**ပြင်ပလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်၊**


**ဌာနဆိုင်ရာလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်၊**


**ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်**ဟူ၍


အမျိုးအစား(၃)မျိုးဖြစ်၍


အဆင့်များမှာ


**ဒုတိယဆင့်၊**


**ပထမဆင့်၊**


**အထူးဆင့်**ဟူ၍ အဆင့် (၃)ဆင့် ရှိပါသည်။


**မေး။ လျှပ်စစ်ကျွမ်းကျင်မှုအမျိုးအစားအလိုက် လျှောက်ထားရမည့် နည်းလမ်းများကို ဖော်ပြပါ။**


ဖြေ။


(က) တည်ဆဲလျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၇၆ နှင့်အညီ ပြင်ပလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် လျှောက်ထားလိုပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှတဆင့် သက်ဆိုင်ရာလျှပ်စစ်စစ်ဆေးရေးဌာနမှ ကိုယ်စားလှယ်ပါဝင်သော လျှပ်စစ်ကျွမ်းကျင်မှုအရည်အချင်းစိစစ်ရေးအဖွဲ့နှင့် အရည်အချင်းစိစစ်ပြီးမှ သက်ဆိုင်ရာတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှထပ်ဆင့်စိစစ်ထောက်ခံပြီးလျှင် စစ်ဆေးရေးမှူးချုပ်၊ လျှပ်စစ်စစ်ဆေးရေးဌာနသို့ ဆက်လက်ပေးပို့သွားရမည် ဖြစ်ပါသည်။


( ခ) တည်ဆဲလျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၇၇၊ ၁၇၈ နှင့်အညီ ဌာနဆိုင်ရာနှင့်ကိုယ်ပိုင် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ရရှိရန်အတွက် စစ်ဆေးရေးမှူးချုပ်ထံ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။ အရည်အချင်းစစ်ဆေးပြီး လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။


**မေး။ လျှပ်စစ်ကျွမ်းကျင်မှုမှတ်ပုံတင်လက်မှတ်အမျိုးအစားမှာ မည်သည့်အပေါ်မူတည်၍ ခွဲခြားထားပါသနည်း။**


ဖြေ။


(က) ပြင်ပလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးစာရင်းဝင် ပြင်ပလျှပ်စစ်ကျွမ်းကျင်လုပ်သားများအတွက် ဖြစ်သည်။


( ခ) ဌာနဆိုင်ရာလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဖြစ်သည်။


( ဂ) ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ ကိုယ်ပိုင်လျှပ်စစ်လုပ်ငန်းဆောင်ရွက်သူများနှင့် ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်လုပ်ငန်းဆောင်ရွက်သူများအတွက် ဖြစ်ပါသည်။


**မေး။ လျှပ်စစ်ကျွမ်းကျင်မှုမှတ်ပုံတင်လက်မှတ်လျှောက်ထားရန် လိုအပ်သည့်အချက်အလက်များကို ဖော်ပြပါ။**


ဖြေ။ လျှပ်စစ်ကျွမ်းကျင်မှု လျှောက်လွှာပုံစံ၊ ပညာအရည်အချင်းထောက်ခံချက်၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဝန်ထမ်းဖြစ်ကြောင်းနှင့် လျှပ်စစ်လုပ်ငန်းလုပ်ကိုင်ကြောင်း ဌာနအကြီးအကဲ၏ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ သက်ဆိုင်ရာနေရပ်လိပ်စာတွင် အမှန်နေထိုင်ကြောင်းထောက်ခံချက်နှင့် ဓာတ်ပုံ(၂)ပုံတို့ လိုအပ်ပါသည်။

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ