EI အကြောင်း လေ့လာနိုင်ရန်

 EI အကြောင်း သိထားသမျှ

💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫











🥰လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်းနှင့် လျှပ်စစ်သင်တန်းများ

Crd  : DISI မျှဝေသူ FB သို့ သွားမည်


      ⚡ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်များထုတ်ပေးခြင်း

      ⚡   လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အမျိုးအစားများ

      ⚡  လက်မှတ်ထုတ်ပေးရာတွင် လိုအပ်ချက်များ

      ⚡  လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရ လက်မှတ်အဆင့်များနှင့် အရည်အချင်းသတ်မှတ်ချက်များ

      ⚡ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် သက်တမ်းတိုးလဲလှယ်ခြင်း

      ⚡  လျှပ်စစ်ကျွမ်းကျင်လုပ်ငသားများမှတ်ပုံတင်ကြေး

      ⚡ လျှပ်စစ်ကျွမ်းကျင်မှု(အခြေခံ)သင်တန်းများ

      ⚡  လျှပ်စစ်ကျွမ်းကျင်မှု(မွမ်းမံ)သင်တန်းများ

      ⚡ ကျေးလက်ဒေသ(အခြေခံ)လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းများ


လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်း

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အမျိုးအစားများ

--------------------------------

💥ပြင်ပလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်

    သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လုပ်ငန်းကန်ထရိုက်အဖြစ်ပေးသော လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများကို လုပ်ကိုင်လိုသူများ လျှောက်ထားနိုင်ပါသည်။

--------------------------------

💥ဌာနဆိုင်ရာလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်

    သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်ပိုင်ဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများလျှောက်ထားနိုင်ပါသည်။

--------------------------------

💥ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်

    ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ကို မိမိကိုယ်ပိုင် လုပ်ငန်းများတွင် လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများ လျှောက်ထားနိုင်သည်။

--------------------------------

💥လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ထုတ်ပေးရာတွင်လိုအပ်ချက်များ


ပြင်ပလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အတွက်လိုအပ်ချက်များ

    မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ အရည်အချင်းနှင့် လုပ်သက်အတွေ့အကြုံ ပြည့်စုံသည့် လျှောက်လွှာများ ကိုထောက်ခံပြီး ပြည်နယ်/တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာထံပေးပို့ခြင်း 

    လျှပ်စစ်ကျွမ်းကျင်မှု အရည်အချင်း စိစစ်ရေးအဖွဲ့၏ ထောက်ခံချက် ၊ 

    ပြည်နယ် / တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ထောက်ခံ ပေးပို့ခြင်း ၊ 

    လျှပ်စစ်စစ်ဆေးရေး(ရုံးချုပ်)မှ စိစစ်ခြင်း နှင့်လျှပ်စစ်ကျွမ်းကျင်မှုအဆင့် သတ်မှတ် ၍ လက်မှတ်ထုတ်ပေးခြင်း 

--------------------------------

💥ဌာနဆိုင်ရာလျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အတွက်လိုအပ်ချက်များ


    သက်ဆိုင်ရာ စက်ရုံမှူး သို့မဟုတ် လျှပ်စစ်ဌာန တာဝန်ခံ၏ ထောက်ခံချက် ၊

    လျှပ်စစ် စစ်ဆေးရေးဌာန( ရုံးချုပ် )၏ လျှပ်စစ်ကျွမ်းကျင်မှု အရည်အချင်း စိစစ်ရေးအဖွဲ့၏  ထောက်ခံချက်၊

     စစ်ဆေးရေးမှူးချုပ်မှ စိစစ်ခြင်းနှင့် လျှပ်စစ်ကျွမ်းကျင်အဆင့် သတ်မှတ်ထုတ်ပေးခြင်း ၊

--------------------------------

💥ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အတွက်လိုအပ်ချက်များ

    စစ်ဆေးရေးမှူးချုပ်ထံ တိုက်ရိုက်လျှောက်ထားခြင်း ၊

    လျှပ်စစ် စစ်ဆေးရေးဌာန(ရုံးချုပ်)၏ လျှပ်စစ်ကျွမ်းကျင်မှု အရည်အချင်း စိစစ်ရေးအဖွဲ့၏ ထောက်ခံချက် ၊ 

     စစ်ဆေးရေးမှူးချုပ်မှ စိစစ်ခြင်းနှင့် လျှပ်စစ် ကျွမ်းကျင်အဆင့် သတ်မှတ်ထုတ်ပေးခြင်း ၊

--------------------------------

💥လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်အဆင့်များနှင့် လျှောက်ထားရာတွင် အရည်အချင်းသတ်မှတ်ချက်များ


🌟ဒုတိယအဆင့်

    B.E , B .Tech , AGTI , THS    အောင်မြင်ပြီးသူ ၊ 

    (၁၀)တန်းအောင် သို့မဟုတ် (၁၀)တန်းဖြစ်ပါက လျှပ်စစ် စစ်ဆေးရေး ဌာန၏   လျှပ်စစ်ကျွမ်းကျင်မှု(အခြေခံ) သင်တန်းအောင် လက်မှတ်၊


🌟ပထမအဆင့်

    B. E ,  B. Tech , A.G.T.I  အောင်မြင်ပြီး ဗို့အား (၄၀၀) ဗို့နှင့်အထက် လျှပ်စစ် တပ်ဆင်ရေးလုပ်ငန်း အတွေ့အကြုံရှိသူ ၊

    လျှပ်စစ်ကျွမ်းကျင်မှု (မွမ်းမံ)သင်တန်း အောင်မြင်ပြီး ဗို့အား (၄၀၀) ဗို့နှင့်အထက် လျှပ်စစ် တပ်ဆင်ရေးလုပ်ငန်း အတွေ့အကြုံရှိသူ ၊

    လျှပ်စစ်ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများပါ သတ်မှတ်အရည်အချင်း ရှိပြီး လျှပ်စစ် ကျွမ်းကျင်လက်မှတ် ( ဒုတိယအဆင့် ) ဖြင့် လုပ်သက် အနည်းဆုံး (၆)နှစ် လုပ်ငန်း အတွေ့အကြုံရှိသူ ၊  


🌟အထူးအဆင့်

    Ph.D,M. E , B. E  အောင် မြင်ပြီး အထူးလျှပ်စစ် ပညာရပ် တစ်မျိုးမျိုး ကို ဆောင်ရွက် နိုင်ရန်အတွက် အရည်အချင်းရှိသူ ၊ 

     လျှပ်စစ်ကျွမ်းကျင်လက်မှတ် ( ပထမအဆင့် ) ဖြင့် လုပ်သက်အနည်းဆုံး (၆)နှစ်  လုပ်ငန်း အတွေ့အကြုံရှိပြီး အထူးလျှပ်စစ်ပညာရပ် တစ်မျိုးမျိုး ကို ဆောင်ရွက် နိုင်ရန်အတွက် အရည်အချင်းရှိသူ ၊

--------------------------------

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် သက်တမ်းတိုးလဲလှယ်ခြင်း

    မှတ်ပုံတင် လက်မှတ်ထုတ်ပေးသည်‌နေ့မှစ၍ (၂) နှစ်မပြည့်မီ သက်တမ်းတိုး လျှောက်ထား ရမည် ။ 

    ပြင်ပလျှပ်စစ်ကျွမ်းကျင် လက်မှတ်အတွက် လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်ရရှိသူ သို့မဟုတ် ခွင့်ပြုမိန့်ရရှိသူထံမှ တစ်ဆင့်လျှောက်ထားရမည်။

    ဌာနဆိုင်ရာနှင့် ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရရှိသူသည် လျှပ်စစ် စစ်ဆေးရေးဌာနသို့ တိုက်ရိုက်လျှောက်ထားရမည် ။

လျှပ်စစ်ကျွမ်းကျင်လုပ်သားများ မှတ်ပုံတင်ကြေး

အထူးအဆင့်  ၁၀၀၀၀

ပထမအဆင့်   ၅၀၀၀

ဒုတိယအဆင့်  ၃၀၀၀

--------------------------------

လျှပ်စစ်စစ်ဆေးရေးဌာနမှ ဖွင့်လှစ်သော သင်တန်းအမျိုးအစားများ

လူ့စွမ်းအား အရင်းအမြစ် တိုးပွားစေရန်၊ စက်ရုံများတွင် ကျွမ်းကျင်သော လျှပ်စစ်လုပ်သားများ တိုးပွားလာစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅) ရှိ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့်သင်တန်းဌာန၌ လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းများကို ပုံမှန် ဖွင့်လှစ်လျက်ရှိပါသည်-


လျှပ်စစ်ကျွမ်းကျင်မှု(အခြေခံ)သင်တန်း

    နှစ်လျှင် (၂)ကြိမ် ပုံမှန်ဖွင့်လှစ်လျှက်ရှိပါသည်။

    သင်တန်းကာလမှာ ရက်သတ္တပတ် (၆)ပတ်ဖြစ်ပါသည်။

    သင်တန်းချိန်မှာ နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၅:၀၀)နာရီဖြစ်ပါသည်။

    ပညာအရည်အချင်းသတ်မှတ်ချက်မှာ(၁၀)တန်းအောင်မြင်ပြီးသူဖြစ်ပါသည်။


လျှပ်စစ်ကျွမ်းကျင်မှု(မွမ်းမံ)သင်တန်း

    (၂)နှစ် လျှင် (၁) ကြိမ် ပုံမှန်  ဖွင့်လှစ်ပို့ချပေးလျှက် ရှိပါသည်။

    သင်တန်းကာလမှာ ရက်သတ္တပတ် (၅)ပတ်ဖြစ်ပါသည်။

    သင်တန်းချိန်မှာ နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၅:၀၀)နာရီဖြစ်ပါသည်။

    ပညာအရည်အချင်း သတ်မှတ်ချက်မှာ B.E, B.Tech, A.G.T.I အောင်မြင် ပြီးသူ၊ လျှပ်စစ်ကျွမ်းကျင်မှု(အခြေခံ) သင်တန်းအောင်မြင်ပြီး အရည်အချင်း ပြည့်မီသူ ဖြစ်ရပါမည်။

--------------------------------

ကျေးလက်ဒေသ(အခြေခံ)လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းများဖွင့်လှစ်ခြင်း 


ကျေးလက်နေပြည်သူများဘ၀ တိုးတက်မြင့်မားစေရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ ကျေးလက်ဒေသများတွင် ကျေးလက်ဒေသ(အခြေခံ)လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျား သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါသည်။

Comments

Popular posts from this blog

Pump Size တွက်နည်

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း