ဘထရီဖြုတ်ရာ သတိပြုစရာ

 မနေ့က တပြည့်တစ်ယောက်နဲ့ ပေါင်မုန့်စက်ရုံကို genset တစ်လုံး ဘထရီအားမဝင်လို့ သွားပြီး စစ်ဆေးရာမှာ






ရေးသားသူ FB သို့ သွားမည်

ငါ့ကောင်ရေ ဘထရီကြိုးတွေ

ဖြုတ်လိုက်လို့ ပြောတော့၊

၁၀ဂွ နှစ်ချောင်းကောက်ကိုင်ပြီး ဖြုတ်မယ်လုပ်နေတုန်း... နေအုံး, အနှုတ်ငုတ် အနက်က စဖြုတ်လို့ပြောလိုက်တော့ " ဆရာ ဘာလို့လည်း၊ အပေါင်းငုတ် အနီက စပြီး ဖြုတ်ရမှာ မဟုတ်ဘူးလား" လို့ ပြန်မေးတယ်။ မဟုတ်ဘူး၊ အန္တရာယ်ကင်းချင်ရင် အနှုတ်ငုတ် အနက်စကိုအရင်ဖြုတ်၊ ပြီးရင်နားလည်အောင် ရှင်းပြပေးမယ်လို့ပြောလိုက်တော့ မှ ဟုတ်ဆိုပြီး အနှုတ်ငုတ် အနက်စကို ဖြုတ်နေရင်း ပါးစပ်က "ကျနော်သိထားတာက အနီက အရင်ဖြုတ်လိုက်မှ မီးစက်ကို ဘထရီအားမရောက်ပြီး အန္တရာယ် ကင်းမယ်လို့ ထင်ထားတာ" ဆိုပြီး သူ့အထင်ကို ပြန်ပြောပြနေတယ်။


တကယ်တော့ ဘယ်ငုတ်က စပြီးဖြုတ်ဖြုတ် မှားတယ်လို့တော့ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ အမှတ်မထင် ဖြစ်တတ်တဲ့ ပြသနာလေးတွေ ရှိတတ်လို့ အနက်ငုတ်ဘက်က အရက်ဖြုတ်ဖို့ အကြံပြုချင်ပါတယ်။


ဘာဖြစ်လို့လဲမေးရင် ဘထရီရဲ့ အနှုတ် (Negative Terminal) က မီးစက်ရဲ့ သံထည်ပစ္စည်းမှန်သမျှ တဆက်တည်း ဆက်သွယ်ထားပြီး Ground ချထားလို့ပါ။ မီးစက်မှ မဟုတ်ပါဘူး။ ကားတွေမှာလည်း ထိုနည်းအတိုင်းပါပဲ။ ဘထရီကနေ အနီကြိုးတစ်ချောင်းပဲ ဆွဲလာပြီး မီးသီးကိုတွဲတယ်။ ကျန်တစ်ဘက်ကို ကားဘော်ဒီနဲ့ ထိပေးလိုက်တာ  မြင်ဖူးကြမှာပါ။


 တကယ်လို့  အနှုတ်ငုတ် အနက်စကိို အရင်မဖြုတ်ဘဲ အပေါင်းကို အရင်ဖြုတ်လိုက်ပြီဆိုပါစို့။

အပေါင်းငုတ်မှာ တပ်ထားတဲ့ နက်ခေါင်းကိို  ဖြုတ်ရင်းနဲ့ မတော်တဆ သံထည်ဘော်ဒီနဲ့  သွားထိပြီဆို Short ကျသွားပါပြီ။ ဘာလို့လည်းဆို စောစောကပြောထားခဲ့တဲ့ အနှုတ်က ဘော်ဒီမှာ ground ချထားလို့ပါ။ Shortကျပြီ‌ဆို အနည်းဆုံး Spark ခတ်တာတို့ဖြစ်ပါတယ်။ ဒါ့အပြင် ကား/မီးစက် တွေမှာရှိတဲ့ Fuse ပျက်တာ၊ Relay တွေပျက်စီးတာ control circuitပျက်စီးတာတို့ ဖြစ်တတ်ပါတယ်။ ဘထရီတွေ ပျက်စီးသွားနိုင်သေးသလို ဓါတ်ဆီအင်ဂျင်/ကားတွေမှာဆို အလွန်ဆုံး မီးလောင်တာအထိ ဖြစ်နိုင်ပါတယ် ။


ဒါတွေကြောင့် ဘထရီ အပေါင်းငုတ်အနီစကို အရင်ဖြုတ်ခဲ့မယ်ဆို အနက်ငုတ်ကိုတင်မက စက်ရဲ့ ဘယ်သံထည်ပစ္စည်းမှ မထိမိဖို့ ဂရုစိုက်ကြရပါမယ်။

ဒါမှမဟုတ်ပဲ အနက်ငုတ်သာ အရင်ဖြုတ်ကြမယ်ဆိုရင်ဖြင့် အနီငုတ်ကလွဲပြီး ကျန်တာ ဘာကိုပဲထိထိ ဘာမှ မဖြစ်နိုင်တာမို့ အန္တရာယ်ဖြစ်နိုင်ချေကို အများကြီး လျှော့ချနိုင်ပါမယ်။


ဒီနညအတိုင်းပါပဲ။ တကယ်လို့ ဘထရီ ပြန်တပ်မယ်ဆိုရင်တော့ အပေါင်းငုတ် အနီကို အရင်ပြန်တပ်ရပါလိမ့်မယ်။

စောစောက ပြောထားသလိုပဲ။ အနှုတ်ငုတ် အနက်ကို မတပ်ရသေးလို့  အပေါင်းငုတ် အနီကို တပ်နေချိန် ဘယ်သံဘော်ဒီနဲ့ပဲထိထိ ပြသနာ မရှိတော့ပါဘူး။နောက်ပြီး အနှုတ်ငုတ် အနက်ကို တပ်ရာမှာလည်း အနှုတ်က စက်ရဲ့ ground ဖြစ်လို့ ဘယ်လိုပဲထိမိ ထိမိ ပြသနာမရှိလို့ အေးဆေးဖြစ်ပြီပေါ့။


ဖတ်ရှူသူအားလုံး ဗဟုသုတ တိုးပွားကြပါစေ
မေတ္တာဖြင့်
Aung Thu

Comments

Popular posts from this blog

Pump Size တွက်နည်

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း