The war of AC & DC
မင်္ဂလာပါ ခင်ဗျာ... 🙏🙏🙏 လျှပ်စစ်နဲ့ ပါတ်သက်တဲ့ ဗဟုသုတနဲ့ ပညာဒါနပို့စ်လေးတွေ မရေးဖြစ်တာ တစ်နှစ်တောင် ကျော်လာခဲ့ပီ့ပေါ့။ ခုပြန်ရေးဖို့ စိတ်ကူးလိုက်တော့ ဘယ်အကြောင်းရာကို ခေါင်းစဉ်တည်ရမလည်းလို့ စဉ်းစားရပြန်ရော။ Admin Facebook Join ရန် နှိပ်ပါ ⚡ ခုလောလောဆယ်တော့ လျှပ်စစ်ပစ္စည်း components တွေအကြောင်းမပြောခင် လျှပ်စစ်နဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေပဲ ပြေပြပေးသွားပါ့မယ်။ ⚡ လျှပ်စစ် အကြောင်းကို တကယ်စိတ်ဝင်စားတဲ့သူတိုင်း Edison နဲ့ Tesla တို့ရဲ့ အကြောင်းလေးကို သိထားသင့်တယ်ထင်လို့ လေ့လာဖူးသလောက် ပြန်ပြောပြပါ့မယ်။ 👨🦳Edison ⚡ Edison ရဲ့ နာမည် အပြည့်အစုံကတော့ Thomas Alva Edison ဖြစ်ပါတယ်။ Edison ကို ၁၁ရက် ဖေဖော်ဝါရီလ ၁၈၄၇ခုနှစ် Milan, Ohio, United States မှာ မွေးဖွားခဲ့ပြီး ၁၈ရက် အောက်တိုဘာလ ၁၉၃၁ခုနှစ်မှာတော့ West Orange, New Jersey, United States မှာ ကွယ်လွန်ခဲ့ပါတယ်။ 👨🦳Edison ဟာ ဘက်ထရီ (Battery) သို့မဟုတ် လောင်စာဆဲလ် (Fuel cell) ကဲ့သို့ လမ်းကြောင်းတစ်ခုတည်းကို အဆက်မပြတ်စီးဆင်းနေသည့် တိုက်ရိုက်လျှပ်စီးကြောင်းကို တီထွင်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အား အစောပိုင်းနှစ်များမှာတော့...