မီတာပေါ်ရှိ Error များအကြောင်း

 အိမ်သုံး ( Digital Meter) မီတာပေါ်ရှိ Error များအကြောင်း

_-------------------------------_

Admin Facebook Join ရန်နှိ့ပ်ပါ











မိတ်ဆွေများအိမ်ရှိ အသစ်တပ်ဆင်ထားသော Digital meter လျှပ်စစ်မီတာပေါ်တွင် Error နံပါတ်များဖြင့် အချက်ပြမီးလင်းလျှင် ဘာ့ကြောင့်ဖြစ်တယ်ဆိုတာကိုတော့် သိနားလည်ထားရန် လိုပါသည် ။ 


Error-1

မီတာကို By pass ပြုလုပ်ထားခြင်း ( မီတာ အဝင်ကြိုးနဲ့အထွက်ကြိုးကို အခြား ကြိုးတစနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး မီတာ ယူနစ်အတက်နှေးအောင်ပြု လုပ်ထားလျှင်) မီတာတွင် Error -1 လို့ပေါ်နေမည်။


Error-2

မီတာအဝင်မှာ Line(phase)အပူကြိုးနှင့်neutral အအေးကြိုးကို ပြောင်းပြန်တပ်ထားလျှင် မီတာပေါ်တွင် Error-2 လိုပေါ်နေမည်။


Error-3

မီတာအဝင် Neutral ကြိုးတပ်ထားသော်လည်း မီတာအထွတ်တွင် neutral ကြိုးကိုမသုံးဘဲ မြေဓာတ်ကျထားသော ကြိုးနှင့် သုံးစွဲခြင်း(သို့)

အိမ်တွင်းဝါယာကြိုးကိုအရည်အသွေးညံ့ ဖျင်းသောဝါကြိုးသုံး၍ပေါက်ပြဲခြင်းbody earth ကျနေခြင်း ၊ ၎င်း Earthကျနေ သော Body နှင့် Neutral ကြိုး၏ ပေါက်ပြဲနေ သောအစိတ်အပိုင်း နဲ့ထိနေခြင်းတို့ကြောင့် Error-3ပေါ်ခြင်း။


Error-4

မီတာအထွက်ဘက်ရှိ...ဝန်အားတစ်စိတ်တစ်ပိုင်းကို မြေဓာတ်ချပြီး

သုံးစွဲခြင်းတို့ကြောင့် Error-4ပေါ်ခြင်း။


Error-5

မီတာရဲ့ Terminal cover(ကြိုးအဝင်အထွက်) လုပ်တဲ့ အစိတ်အပိုင်းကို အုပ်ထားသော အဖုံးကိုဖြုတ်လျှင် Error-5 ပေါ်ခြင်း။ Error-6

မီတာအဝင်အထွက်ကြိုးကို အဝင်ကိုအထွက်၊အထွက်ကိုအဝင်လုပ်ပြီး

ပြောင်းပြန်တပ်ဆင်ထားလျှင် Error-6ပေါ်ခြင်း


Error-7

မီတာရဲ့ သတ်မှတ်ပေးထားသော ဝန်အား ထက် ပိုမိုကျော် လွန်ပြီး ရှိသမျှ လျှပ်စစ် ပစ္စည်းတွေကို စုပြုံသုံးလို့ ဝန်အားပိုဖြစ်လျှင် Error-7ပေါ်ခြင်း။


Error-8

မီတာအဝင်ဖက် Neutral ကြိုးကိုဖြုတ်တာဖြစ် ဖြစ်၊ဖြတ်တာဖြစ်ဖြစ် ဒါမှမဟုတ်တတ်ထား သလိုလုပ်ထားခြင်း၊တစ်ခုခုလုပ်ထားပြီး မီတာရဲ့ အထွက်ဘက်Lineကြိုးကိုထွက်ပြီး Neutral ကြိုးကိုတော့ Neutral

ကြိုးအစားအပြင်မှာမြေဓာတ်ချ သုံးစွဲခြင်း ဆိုလိုတာက မီတာဆီပါဝါမရောက်အောင် ပြု လုပ်ထားလျှင် Error-8ပေါ်ခြင်း။


Error-9

မီတာဆီပါဝါမရောက်အောင်ပြုလုပ်ခြင်း ပုံမှန်ဆို မီတာအဝင် Phaseတစ်ကြိုး၊ Neutralတစ်ကြိုးတပ်ခြင်းကိုမတတ်ဘဲနှစ်ပေါက်လုံးကို Phaseတပ်ထားလျှင် Error-9ပေါ်ခြင်း။


Crt - Tikyi ဆရာတည်ကြည် ရေးသားထားသော ဆောင်းပါးငယ်ကို ပြန်လည် မျှဝေပါသည် ။


-------------------------------------

Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ

Pump Size တွက်နည်