မော်တာများအကြောင်း တစ်စေ့တစ်စောင်း

 မော်တာများအကြောင်း တစ်စေ့တစ်စောင်း







မော်တာလို့ ပြောလိုက်တာနဲ့ ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျဖြစ်တဲ့ ဝန်ချီစက်တွေ၊ ပူလာတွေ၊ ရေပန့်တွေ၊ ပန်ကာတွေကအစ သစ်သီးဖျော်စက်အဆုံး တစ်ခုခုကို မြင်ယောင်ကြည့်လိုက်လို့ရပါတယ်။

သို့သော် ‌သုံးရမဲ့နေရာနဲ့ အသုံးပြုပုံပေါ်မူတည်ပြီး မော်တာ အမျိုးအစားတွေ ကွဲပြားသွားကြသလို မော်တာတွေ လည်ပတ်ဖို့ ပေးရတဲ့ Power ပိုင်းတွေလည်း ကွဲလွဲသွားကြပါတယ်။

ဒီပို့စ်မှာတော့ 1∅ Motor နဲ့ 3∅ motor ဘာကွာခြားလည်းဆိုရင် 1∅ motor တွေမှာ Capacitor ပါပြီး 3∅ motor တွေမှာတော့ Capacitor ဘာကြောင့်မပါတာလည်းဆိုတဲ့ အချက်ကိုသာ ဦးတည်ပြောပြပေးသွားပါမယ်။

Single phase motor မှာ running coil နှင့် starting coil ဆိုပြီး ကွိုင်နှစ်ထုတ် ရှိရပါတယ်။ သို့သော် တကယ်တမ်း run နေတဲ့ အချိန်မှာတော့ running coil တစ်ခုသာ လည်ပတ်ပါတယ်။ သို့သော် မော်တာ မောင်းနှင့်ဖို့အတွတ် running coilကိုဖြစ်ဖြစ် Starting coil  တခုတည်းကိုဖြစ်ဖြစ် power  ပေးရုံနဲ့ သူအလိုလိုမလည်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် coil နဲ့ မော်တာရဲ့ magnatic အခြေအနေက တနေရာတည်းမှာ တထပ်တည်း ငြိမ်နေလို့ပါ။ ဒါကြောင့် Capacitor ထည့်ပေးရပါတယ်။ အဲဒီ Capacitor ကတဆင့်  running coil နဲ့ starting coil ကို phase angle မတူအောင် ပြောင်းပေးပါတယ်။

ဒီနေရာမှ Capacitor ကို running နဲ့ starting coil ကြားမှာ မှန်ကန်စွာ တပ်ဆင်ဖို့ လိုအပ်ပါတယ်။

 starting coil နဲ့ capacitor ကို series ဆက်ပီး running coil နဲ့ parallel ဆက်သွယ်ပေးရပါမယ်။  power voltage ပေးလိုက်သော အခါ running coil က power အရင်ရပီး starting coil မှာ capacitor ပါတဲ့အတွက် voltage က နောက်ကျပီး မှ ရောက်ပါတယ်။ ဒါကြောင့် starting coil နဲ့ running coil ၂ခုကြား phase angle ဖြစ်ပေါ် တယ် phase angle ဖြစ်ပေါ်တော့ magnatic အချင်းချင်းတွန်းကန်မူတွေ ဖြစ်ပီး မော်တာ ကို လည်ပတ်စေပါတယ်။

 မော်တာ ဟာ သူရဲ့လုံလောက်တဲ့ လည်ပတ်မူရတာနဲ့ starting coil ကို ဂါဗနာနဲ့  ဖြတ်ချပေးလိုက်တယ်.. အဲဒီအချိန်မှာ RPM = 120 f ÷ p အရ သူရဲ့လည်ပတ်မူအတိုင်း အလုပ်ဆက်လုပ်နေပါလိမ့်မယ်။

သို့သော် Capacitor မပါတဲ့ 1∅ motor မျာစွာ ရှိနေသေးပါတယ်။ မြင်သာအောင်ပြောရရင် အခည်ချုပ်စက်ရုံတွေမှာ အသုံးများတဲ့ ကပ်ကြေးသွေးစက် မော်တာမျိုးတွေ ဖြစ်ပါတယ်။

အဲဒီမော်တာတွေမှာ motor မှာ running coil သာ ပါပီး Starting coil မပါသလို capacitor လည်း တတ်ဆင်စရာမလိုပါဘူး။ သိုသော် မော်တာမောင်နှင့်ဖို့အတွတ် ပထမဦးဆုံး လူက လက်နဲ့ လှည့်ပေးဖို့ လိုအပ်ပါတယ်။

အများစုက 1hp နှင့် အောက် မော်တာတွေမှာ ဂါဘနာမပါပါ  capacitor ရဲ့ uf လဲ နည်းပါတယ် (အများဆုံး20uf အောက် ပါ) ဂါဘနာမပါတဲ့အတွက် starting coil ကို မဖြုတ်ပေးပါ  uf လဲ နည်းတဲ့အတွက် starting coil မှာ ampere အများကြီး မဖြစ်ပါ မဖြုတ်လဲ ဘာမှမဖြစ်ပါ  1.5hp နဲ့ အထက် မော်တာတွေမှာ ဂါပနာ ပါတာများတယ်  capacitor ရဲ့ uf လဲ များပါတယ် (အနည်းဆုံး 50uf ကနေ 200uf လောက်ထိ့ ရှီပါတယ်) ဘာကြောင့် capicitor uf များတာ သုံးရလဲ ဆိုရင်တော့ မော်တာကြီးတဲ့အတွက်  starting ကို အားကောင်းကောင်းနဲ့ ရုန်းထနိုင်ဖို့ အတွက်ပါ  uf များတဲ့ အတွက် staring coil မှာ ampere များများစီးပါတယ် ampere များများစီးတဲ့ အတွက် starting coil ရဲ့ ကြိုးဂိတ် ကိုလဲ သင့်တော်တဲ့ ကြိုးဂိတ် ကြီးကြီး သုံးထားပါတယ် အဲဒီ ampere များများစီးတဲ့ မဖြုတ်ဘဲ ထားရင် မော်တာ ပျက်စီးနိုင်ပါတယ်power  watt များ မီးအားပိုစားပါမယ် ဒါကြောင့်မလိုအပ်တော့တဲ့ staring coil ကို ဂါပနာနဲ့ မော်တာလုံလောက်တဲ့ rpm ရတဲ့ အချိန် မှာ ဖြုတ်ချပေးနိုင်အောင် လုပ်ထားတာ... တချို့သော ဂါပနာ ပါတဲ့ capacitor ၂လုံးပါတဲ့ မော်တာတွေ မှာ  ဂါပနာ ဖြုတ်ပေးပေမယ့် capacitor တစ်လုံး နဲ့starting coil နဲ့တွဲဆက်ပီး ဆက်လည်နေတာလဲ ရှိတတ်ပါတယ်...

သို့သော် 3∅ motor မှာဆိုရင်တော့ capacitor မပါတော့ပါဘူး။ ဘာကြောင့်လည်းဆို  3phase မှာ phase coil တခုနဲ့တခု phase angle 120°C ရှိပီးသားမို့.  Phase coil တခုစီရဲ့ မတူတဲ့ Magnatic အချင်းချင်း တွန်းကန်ပီး capacitor မလိုဘဲ ရုန်းထ စလည်နိုင်လို့ မပါတာပါ...

မော်တာအကြောင်းအရာ အပြည့်အစုံ မဟုတ်‌ပေမဲ့ အခြေခံမှ စတင်လေ့လာသူများအဖို့ အကျိုးပြုစေရန် 

ဖတ်ရှုမှတ်သားရန် ရေးသားတင်ပြထား ပို့စ်ပိုင်ရှင်များ

လက်တွေ့ ပညာမျှဝေပေးအပ်သော ဆရာသမားများကို ကျေးဇူးတင်ရှိခြင်းဖြင့်

မေတ္တာဖြင့် မျှဝေခြင်းမျှသာ 💕


4/9/2021


Comments

Popular posts from this blog

အိမ်သုံးမီတာ ခန့်မှန်းတွတ်ချက်နည်း

Voltage drop တွတ်ယူခြင်း နှင့် Cable size ရွေးချယ်ခြင်း

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ