Posts

Showing posts from September, 2021

မော်တာများအကြောင်း တစ်စေ့တစ်စောင်း

Image
 မော်တာများအကြောင်း တစ်စေ့တစ်စောင်း မော်တာလို့ ပြောလိုက်တာနဲ့ ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျဖြစ်တဲ့ ဝန်ချီစက်တွေ၊ ပူလာတွေ၊ ရေပန့်တွေ၊ ပန်ကာတွေကအစ သစ်သီးဖျော်စက်အဆုံး တစ်ခုခုကို မြင်ယောင်ကြည့်လိုက်လို့ရပါတယ်။ သို့သော် ‌သုံးရမဲ့နေရာနဲ့ အသုံးပြုပုံပေါ်မူတည်ပြီး မော်တာ အမျိုးအစားတွေ ကွဲပြားသွားကြသလို မော်တာတွေ လည်ပတ်ဖို့ ပေးရတဲ့ Power ပိုင်းတွေလည်း ကွဲလွဲသွားကြပါတယ်။ ဒီပို့စ်မှာတော့ 1∅ Motor နဲ့ 3∅ motor ဘာကွာခြားလည်းဆိုရင် 1∅ motor တွေမှာ Capacitor ပါပြီး 3∅ motor တွေမှာတော့ Capacitor ဘာကြောင့်မပါတာလည်းဆိုတဲ့ အချက်ကိုသာ ဦးတည်ပြောပြပေးသွားပါမယ်။ Single phase motor မှာ running coil နှင့် starting coil ဆိုပြီး ကွိုင်နှစ်ထုတ် ရှိရပါတယ်။ သို့သော် တကယ်တမ်း run နေတဲ့ အချိန်မှာတော့ running coil တစ်ခုသာ လည်ပတ်ပါတယ်။ သို့သော် မော်တာ မောင်းနှင့်ဖို့အတွတ် running coilကိုဖြစ်ဖြစ် Starting coil  တခုတည်းကိုဖြစ်ဖြစ် power  ပေးရုံနဲ့ သူအလိုလိုမလည်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် coil နဲ့ မော်တာရဲ့ magnatic အခြေအနေက တနေရာတည်းမှာ တထပ်တည်း ငြိမ်နေလို့ပါ။ ဒါကြောင့် Capacitor ထည့်ပေးရပါတယ်။ အ...