ဘထရီများအကြောင်း သို့မဟုတ် V & Ah

 Battery တွေမှာပါတဲ့  V & Ah အကြောင်း

                     









မူရင်း ရေးသားသူ FB သို့ သွားမည်

ယနေ့ခေတ် မှာဆိုရင် လျှပ်စစ်နည်းပညာဟာဆိုရင်  နေ့စဉ်နဲ့အမျှ မရှိမဖြစ် အသုံးပြုလာရတဲ့ ကဏ္ဍတစ်ခုမှာ ခိုင်ခိုင်မြဲမြဲ တည်ရှိနေပါပြီ။ မိုးလင်းမိုးချုပ် နေ့တစ်တူဝ  လူတိုင်းလူတိုင်း လျှပ်စစ်နဲ့ ကင်းဖို့ တကယ်မလွယ်ကူကြဘူး မဖြစ်နိုင်ဘူးလို့ဆိုရင် လက်ခံရမဲ့ ခေတ်တစ်ခေတ်ပါပဲ။

လျှပ်စစ်လို့ ဆိုရာမှာ AC ရော DC ရော အားလုံး အကျုံးဝင်တာမို့ ကျနော်တို့ လက်မှာ ပတ်ထားတဲ့ နာရီလေးကနေ ထုတ်ကုန်စက်ရုံကြီးတွေအထိ လျှပ်စစ်တွေ လိုအပ်ကြပါတယ်။

ဒီတော့ ကျနော်တို့ဟာ လျှပ်စစ်လုပ်သားတစ်ယောက်အဖြစ် ခံယူတော့မယ်ဆို AC ရော DC ရော နားလည်ထားရတော့မှာဖြစ်ပါတယ်။

ဘာလို့လည်းဆို အချို့ အရေးကြီးတဲ့ AC ကဏ္ဍတွေမှာလည်း DC ဖြစ်တဲ့ batteries တွေကို လစ်လျူရှုထားလို့ မရလို့ပါ။

ဥပမာ။ Gas Circuit Breakerပုံးတွေ , Auto Tap Transformerတွေ ဓါတ်အားပေးစက်ရုံတွေ၊ စတဲ့နေရာတွေ🤗

ကျနော့်တို့ ဘထရီတစ်လုံးဝယ်ရင် 6V batteries, 12V batteries လို့ပဲ ပြောဝယ်ရုံနဲ့ အဆင်မပြေပါဘူး။ 

ကိုယ်က ဘယ်လောက် Ahဆွဲမယ့် load ကိုအသုံးပြုမလည်း၊ အချိန်ဘယ်လောက်ကြာကြာ အသုံးပြုမလည်းဆိုတာတွေ အရင်ဆုံး သိဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ်ဝယ်မယ့် ဘထရီက ဘယ်လောက်ဗို့ ဘယ်လောက်Ah ရှိတဲ့ အိုးကို ဝယ်ရမယ်ဆိုတာ ကောင်းကောင်း ခန့်မှန်းတွတ်ချက်ဝယ်ရလို့အဆင်ပြေမှာပါ။

ဗို့အားဆိုတဲ့ အခေါ်ဝေါ်ကတော့ လူတိုင်းရင်နှီးကျွမ်းဝင်ပြီးသားဆိုပေမဲ့ Ah ဆိုတာ ဘာကြီးလည်းလို့ စဉ်းစားနေကြမလား။ အလွယ်ပြောခေါ်ဝါ်နေကြတဲ့ "အား''ကို ပြောတာပါ။

80အား၊ 100အား၊ 120အား စသဖြင့်ပေါ့။


ဥပမာတစ်ခုထားပြီး တွတ်ကြည့်ရအောင်။

5Aဆွဲမဲ့ 12Vမီးသီး သို့မဟုတ်  load တစ်ခုကို 24နာရီ တစ်ရက်လုံး အသုံးပြုရမယ် ဆိုပါစို့။

5A×24h=120Ah လို့တွတ်ယူလို့ရပါပြီ။

ဒီတော့ ကိုယ်ဝယ်ရမဲ့ ဘထရီက 12ဗို့ 120အား ဆိုပြီး ပြောဝယ်ရပါမယ်။ အင်ဗာတာ ခံသုံးလို့ ဆားကစ်အတွတ် losess ကြောင့် ဖြစ်ဖြစ် မီးကြိုးlosess ဖြစ်ဖြစ် 24hအသုံးမခံမှာ စိုးရိမ်နေရတယ်ဆို 150Ahခေါ် 150အား ဘထရီကို ဝယ်သုံးန်ုင်ပါတယ်။


တကယ်လို့ ကိုယ်လိုချင်တဲ့  V or Ah အတွတ် ဘထရီအသစ်လည်း မဝယ်ချင်ဘူး။ ကိုယ့်မှာရှိတဲ့ ဘထရီနဲ့ လိုချင်တယ်ဆိုရင်တော့ အောက်ပါ linkမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

#ကျနော်   တင်ပြ‌ေပးသော postများမှာ လူကြီးမင်းအပေါ်   တစုံတခု အကျိုး သက်ရောက်မှုရှိမည်ဟု ယုံကြည်လျှက်ပါ။

#AungThuMyo25/10/2020

Comments